1. Home
  2. Good Morning Myanmar

ကျောင်းဖွင့်ရာသီမတိုင်ခင် ကျောင်းကားစနစ်ပြောင်းလဲမည်

Good Morning Myanmar พ.ค. 16, 2560 view 1,389

ကျောင်းဖွင့်ရာသီမတိုင်ခင် ကျောင်းကားစနစ်ကို ပြောင်းလဲသွားမှာဖြစ်ပြီး လက်ရှိပြေးဆွဲနေတဲ့ ကျောင်းကားတွေနေရာမှာ လူ ၂၈ ယောက်ဆံ့တဲ့ကျောင်းကားတွေ အစားထိုးပြေးဆွဲဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

ကျောင်းကားစနစ်ပြုပြင်ပြောင်းလဲရေး ဒုတိယအကြိမ်အစည်းအဝေးမှာ ကျောင်းပေါင်း ၂၆ ခုက ကျောင်းအုပ်များနဲ့ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြပြီး ကျောင်းပေါင်း ၂၁ ကျောင်းက ကျောင်းကားစနစ်ကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ကျောင်းကားကြိုပို့စနစ်ပြောင်းလဲတဲ့အတွက်ကြောင့် ကျောင်းဖွင့်ချိန်မှာ ကြုံရတဲ့ ယာဉ်ကြောပိတ်ဆို့တာတွေကို လျှော့ချနိုင်မှာ ဖြစ်သလို ကျောင်းသားတွေ ကိုယ့်အားကိုယ်ကိုးပြီး စီးနင်းနိုင်ဖို့ဆောင်ရွက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ပြုပြင်ပြောင်းလဲမယ့် ကျောင်းကားစနစ်ကို ကျောင်းဖွင့်ရာသီကနေ တစ်နှစ်စီမံကိန်း ချထားပြီး ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်တဲ့ ကျောင်းတွေကို ကိုယ်ပိုင်စီမံချက်ရေးဆွဲခွင့်ပေးထားကာ အသုံးပြုမယ့် ကားနဲ့ ငွေကြေးပမာဏကိုလဲ တတိယအကြိမ်အစည်းအဝေးမှာ တင်ပြရမှာဖြစ်တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

“ဆရာမတို့ကျောင်းက ကားဂိတ်နဲ့နီးတော့ ကြပ်တယ် ကျောင်းကားစနစ်လုပ်လိုက်ရင်တော့ ဒါတွေအဆင်ပြေသွားမှာပါ” လို့ အဆိုပါ ဆရာမက ပြောပါတယ်။

အခုလက်ရှိပြေးဆွဲနေတဲ့ ကျောင်းကားတွေနေရာမှာ အမေရိကန်ဒေါ်လာ ၃၆၀၀ ကျော် တန်ဖိုးရှိ လူ ၂၆ ယောက်ဆံ့တဲ့ ဟွန်ဒိုင်း အ၀ါရောင်ကားတွေ အသုံးပြုနိုင်ဖို့ လျာထားဆောင်ရွက်နေတယ်လို့ သိရပါတယ်။



Follow us on