1. Home
  2. Good Morning Myanmar

အိုင်ဗရီကို့စ်နိုင်ငံမှာ တပ်တွင်းပုန်ကန်မှု ဖြစ်ပွားပြီး စစ်သားတွေ ဆန္ဒပြ

Good Morning Myanmar พ.ค. 16, 2560 view 1,411

အိုင်ဗရီကို့စ်နိုင်ငံမှာ စစ်တပ်အတွင်းမှာ ဖြစ်ပွားတဲ့ တပ်တွင်းပုန်ကန်မှုကို နှိမ်နင်းဖို့ စစ်ဆင်ရေး စတင်နေပြီလို့ အိုင်ဗရီကို့စ်စစ်တပ်က ကြေညာခဲ့ပါတယ်။

ဆုကြေးငွေအငြင်းပွားမှုနဲ့ ပတ်သတ်ပြီး သုံးရက်ကြာဆန္ဒပြနေတဲ့ လက်နက်ကိုင်ထားတဲ့ စစ်သားတွေကို အစိုးရက သတိပေးချက် ထုတ်ပြန်ထားတာလဲ ဖြစ်ပါတယ်။

စစ်သားတွေ ဒီလိုဆန္ဒပြနေတာကို မြို့နေပြည်သူတွေက ကန့်ကွက်ပေမယ့်လဲ နိုင်ငံတွင်း လမ်းတွေပေါ်မှာ စစ်သားတွေက ဆန္ဒပြနေတာ ဖြစ်ပါတယ်။ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ ဘာဘာကီမြို့ကို အဆိုပါစစ်သားတွေက ထိန်းချုပ်ဖို့ လုပ်နေပြီး စစ်သားတွေ ဆန္ဒပြတာကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကိုလဲ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဘာဘာကီမြို့တွင်းအခြေအနေတွေကို ထိန်းချုပ်ဖို့အတွက် အစိုးရစစ်တပ်တွေက မြို့တွင်းကိုချီတက်နေပြီ ဖြစ်ပါတယ်။ ဒီလို တပ်တွင်းပုန်ကန်မှုကြောင့် ၂၀၁၁ တုန်းက ပြီးဆုံးခဲ့တဲ့ ဆယ်နှစ်ကြာ ပြည်တွင်းစစ်အခြေအနေမျိုး ပြန်လည်ဖြစ်ပေါ်လာမှာကို နိုင်ငံတွင်း စိုးရိမ်နေကြပါတယ်။

ဆန္ဒပြ စစ်သားတွေဘက်က တောင်းဆိုမှုတွေရှိပေမယ့် အစိုးရဘက်ကတော့ ညှိနှိုင်းမှု လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ပြည်ပြည့်စုံစုံကို ဗီဒီယိုမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။



Follow us on