1. Home
  2. Good Morning Myanmar

အကြီးစား နယူကလီးယား ထိပ်ဖူးကိုသယ်နိုင်တဲ့ ဒုံးကျည်ကို မြောက်ကိုရီးယားစမ်းသပ်

Good Morning Myanmar พ.ค. 16, 2560 view 1,438

မြောက်ကိုရီးယားဟာ ပိုမိုကြီးမားတဲ့ နယူကလီးယားထိပ်ဖူးကို သယ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်ကို တနင်္ဂနွေနေ့က ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယား သတင်းဌာနကနေ ဖော်ပြခဲ့ပါတယ်။

မိုင် ၁၃၀၀ ကျော် အမြင့်ထိရောက်ရှိခဲ့ပြီး အကွာဝေး မိုင် ၅၀၀ နီးပါး ပျံသန်းခဲ့တဲ့ ဟွာဆောင်12 အမျိုးအစား ဒုံးကျည်ပစ်လွှတ်မှုကိုတော့  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကိုယ်တိုင် ကြီးကြပ်ခဲ့ပါတယ်။

အရွယ်အစားပိုမိုကြီးမားတဲ့ နယူကလီးယား ဒုံးကျည်ထိပ်ဖူးသယ်ဆောင်နိုင်မယ့် ပဲထိန့်ဒုံးပျံအသစ်လုပ်ဖို့ ဗျူဟာတွေ စမ်းသပ်နေတာလဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတအသစ်တက်ရောက်တဲ့အချိန်မှာ အခုလို ဒုံးကျည်ပစ်လွှတ်စမ်းခဲ့တာဖြစ်ပြီး နိုင်ငံရဲ့အနောက်ပိုင်း ခူချီကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ မိုင်ရာချီပျံသန်းပြီးနောက် ဂျပန်ပင်လယ်ထဲကို ကျရောက်ခဲ့ပါတယ်။

ရုပ်သံဗီဒီယိုဖိုင်မှာ အပြည့်အစုံ ကြည့်ရှုနိုင်ပါတယ်။



Follow us on