1. Home
  2. Good Morning Myanmar

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုဟာ မကြုံစဖူးဖြစ်ရပ်ဟုဆို

Good Morning Myanmar พ.ค. 16, 2560 view 1,394

ပြီးခဲ့တဲ့သောကြာနေ့က နိုင်ငံအများစုက အစိုးရရဲ့ ကွန်ရက်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကွန်ပြူတာတွေမှာ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဒါဟာ ကြီးမားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်တယ်လို့ ဥရောပ ရဲတပ်ဖွဲ့ကနေ ပြောကြားခဲ့ပါတယ်။

ဒီဆိုက်ဘာတိုက်ခိုက်မှုမှာ ကွန်ပြူတာဗိုင်းရပ်စ်ကူးစက်စေပြီး ငွေမပေးရင် ဖိုင်တွေဖျက်ပစ်မယ်လို့ ပြန်ပေးဆွဲမှုဆန်ဆန် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဥရောပရဲတပ်ဖွဲ့ကတော့ ဒီလိုလုပ်တာဟာ ဆိုက်ဘာချိန်းခြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတွေအများကြီးမှာ တစ်ပြိုင်နက်တိုက်ခိုက်ခံရတာကြောင့် ရဲနဲ့ လုံခြုံရေးတွေအတွက် အံ့သြရတဲ့ဖြစ်ရပ်ဖြစ်ခဲ့ပြီး  ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အစိုးရနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက သူတို့ဘက်က ဘယ်လောက်နစ်နာတယ်ဆိုတာကို အသေးစိတ်ထုတ်ပြန်ဖို့ ရှိနေပါတယ်။

တစ်နှစ်ကို ဆိုက်ဘာရာဇ၀တ်မှု ၂၀၀ လောက် နှိမ်နင်းနေရတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့က ဒီလို တပြိုက်နက်တိုက်ခိုက်ခံရတာဟာ မကြုံစဖူးဖြစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ဒီဆိုက်ဘာတိုက်ခိုက်မှုဟာ နိုင်ငံ ၁၅၀ ကို ပစ်မှတ်ထားခဲ့ပြီး တိုက်ခိုက်ခံရမှု နှစ်သိန်းအထိရှိပါတယ်။ ဗိုင်းရပ်စ်ဝင်ပြီးချိန်းခြောက်ခံရသူတွေဟာ ဒေါ်လာ ၃၀၀ ကနေ ၆၀၀ အထိ လွှဲပေးဖို့ ငွေညှစ်ခံရတာလဲ ဖြစ်ပါတယ်။



Follow us on