1. Home
  2. Movie Stars - Celebrity

သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလို့ ဒဏ်ရိုက်ခံလိုက်ရတဲ့ နေမျိုးအောင်

Movie Stars - Celebrity พ.ค. 16, 2560 view 1,494

မင်းသား နေမျိုးအောင်က နေပြည်တော်-မန္တလေး အမြန်လမ်းမှာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလို့ အမြန်လမ်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး ဒဏ်ရိုက်ခြင်းနဲ့ ကြုံလိုက်ရပါတယ်။

မေလ ၁၅ ရက် မနက်ပိုင်းက အမြန်လမ်းပေါ်မှာ သတ်မှတ်ထားတဲ့ ကီလိုမီတာ ၁၀၀ ထက် ကျော်လွန်ပြီး ၁၃၆ ကီလိုမီတာအထိ မောင်းလာတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

နေပြည်တော် အ၀င်ဂိတ်မှာ အဖမ်းခံရတာဖြစ်ပီး သတ်မှတ်ကီလိုထက်ပိုမောင်းလို့ ချလံဖြတ်ပေးလိုက်ပြီး ဇဗ္ဗူသီရိ တရားရုံးမှာ ဒဏ်ကြေးသွားဆောင်တယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောပါတယ်။

နေပြည်တော်-မန္တလေးအမြန်လမ်းမှာ သတ်မှတ်နှုန်းထက် ပိုမောင်းတဲ့ ယဉ်များကို စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

နေမျိုးအောင်ကတော့ ရှမ်းပြည်ဘက်ကို ကားရိုက်ဖို့ သွားရင်း အဖမ်းခံရတာလဲ ဖြစ်ပါတယ်။ အမြန်လမ်းပေါ်မှာ တစ်နာရီ မိုင် ၆၀ (ကီလိုမီတာ ၁၀၀) ထက်ကျော်တဲ့ ယာဉ်တိုင်းကို ဖမ်းဆီးစစ်ဆေးပြီး ဇမ္ဗူသီရိမြို့နယ်ရှိ ယာဉ်စည်းကမ်းထိန်းသိမ်းရေး တရားရုံးမှာ ယာဉ်တစ်စီးကို ဒဏ်ငွေ ၅၀၀၀၀ (ငါးသောင်း) ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါတယ်။

Credit : Duwun

Source and Phot : 7Day Car


 



Follow us on