1. Home
  2. Special or Others

အတွင်းပစ္စည်းနဲ့ အဝေးပြေးကားကြီးကို ဆွဲပြခဲ့တဲ့ သိုင်းဆရာကြီး

Special or Others พ.ค. 16, 2560 view 1,410
တရုပ်နိုင်ငံက ပုဂ္ဂိုလ်တွေက အထူးအဆန်းလုပ်ပြတဲ့နေရာမှာ ထိပ်တန်းလို့ပင် ပြောရလောက်အောင် ထူးထူးဆန်းဆန်းတွေ လုပ်ပြတတ်ပါတယ်။ တရုပ်သိုင်းဆရာကြီးတစ်ယောက်က သူ့ရဲ့ ကြံခိုင်မှု အတွင်းအားကို ပြသတဲ့အနေနဲ့ ခရီးသည်တင် Express ကားကြီးတစ်စီးကို သူ့ရဲ့ ဖွားဖက်တော် ငယ်ပါလေးနဲ့ ဆွဲပြခဲ့ပါတယ်။
 
ဗီဒီယိုတွင်ပါသော ပုံများအရ ဒူးအောက်နားလောက်ထိ ရှည်တဲ့ အင်္ကျီဖားဖားကြီးကို ဝတ်ဆင်ထားတဲ့ သိုင်းဆရာကြီးက သူ့ရဲ့ယောက်ျားတန်ဆာနဲ့ အဝေးပြေးကားကြီးကို ကြိုးနဲ့ ချိပ်ဆက်ထားပြီး နောက်ကို ဖြည်းဖြည်းချင်းဆုတ်ကာ ဆွဲပြသွားခဲ့တာဖြစ်ပါတယ်။ 
 
ခရီးသည် ၅၀ ယောက်ခန့် စီးနင်းနိုင်တဲ့ အဝေးပြေးကားကြီးပေါ်မှာ ဒရိုင်ဘာလုပ်သူက စတီယာရင်ကို ထိန်းကြောင်း ပေးနေပါတယ်။ ကားကြီးရဲ့ နဖူးစီးမှာ ကပ်ထားတဲ့ စာတန်းအရ ဟွေကျိုမြို့ကနေ လူဇိုးမြို့ကို ပြေးဆွဲတဲ့ ခရီးသည်တင်ကား ဖြစ်ပါတယ်။
 
သိုင်းဆရာကြီးရဲ့ ငယ်ပါနဲ့ ကားဆွဲနေတာကို လူတွေဝိုင်းအုံကြည့်ပြီး ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်နေတာကို တွေ့ရပါတယ်။ အဆိုပါဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ကြည့်မိတဲ့ ယောက်ျားသားတွေက ကြက်သီးဖျန်းဖျန်းထကာ မခံစားနိုင်ဖြစ်နေကြပါတယ်။ 
 


Follow us on