1. Home
  2. Special or Others

တစ်နှစ်ထဲမှာ ကား ၄၈ ကြိမ်တိတိ အတိုက်ခံရတဲ့ ကံအဆိုးဆုံး အိမ်

Special or Others พ.ค. 16, 2560 view 1,658

တရုတ်ပြည်မှာရှိတဲ့ အိမ်တစ်လုံးဟာ တစ်နှစ်ထဲမှာ ခြံစည်းရိုးနဲ့ အိမ်ထဲကို ကား ၄၈ ကြိမ်တိတိ အတိုက်ခံခဲ့ရပါတယ်။

ဒီအိမ်ဟာ အဝေးပြေးလမ်းမနားမှာ တည်ဆောက်ထားတာဖြစ်ပြီး အဓိက အချက်ကတော့ အဝေးပြေးလမ်းမရဲ့ ၉၀ ဒီဂရီအချိုးကွေ့မှာ ရှိနေလို့ ဖြစ်ပါတယ်။

“ဖြည်းဖြည်းမောင်း” ဆိုတဲ့ အ၀ါရောင် ဆိုင်းဘုတ်ကြီးထောင်ပြီး သတိပေးထားပေမယ့် သိပ်ပြီး မထူးခြားလှပါဘူး။ ကမ္ဘာပေါ်မှာ ကံအဆိုးဆုံး တည်နေရာလို့ ပြောရမလောက်အောင် ကားဝင်တိုက်တာတွေကို တားဆီးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

တချို့မတော်တဆမှုတွေဟာ အိမ်ထဲထိ ကားတွေ ၀င်တိုက်မိတာ ဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် အိမ်ပိုင်ရှင် Xu Renxiang က သက်ဆိုင်ရာကို တစ်ခုခုလုပ်ပေးဖို့ တောင်းဆိုထားပေမယ့် နေရာပြောင်းပေးဖို့သာ စီစဉ်ပေးနေတယ်လို့ သိရပါတယ်။

Ref : Kicker Daily News



Follow us on