1. Home
  2. Movie Stars - Celebrity

အချစ်ရေးမှာ ပွင့်လင်းတာက ခိုးလုပ်ရတာ ၀ါသနာမပါလို့ပါဆိုတဲ့ အောင်ရဲလင်း

Movie Stars - Celebrity พ.ค. 16, 2560 view 1,545

နှုတ်ခမ်းနီမလေးတွေအသည်းကျော် မင်းသားအောင်ရဲလင်းက လက်ရှိအချစ်ရေးက အေးအေးဆေးဆေးဖြစ်ပြီး အိမ်ထောင်ပြုဖို့ကံပါရင် ပြုမယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ အချစ်ရေးနဲ့ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုလာတဲ့ အောင်ရဲလင်းက အချစ်ရေးမှာ ပွင့်လင်းတာဟာ အသက်အရွယ်ကြောင့်မဟုတ်ဘဲ ခိုးလုပ်ရတာကို ၀ါသနာမပါတာကြောင့် လို့ The Voice သတင်းဌာနမှာ ဖြေဆိုထားပါတယ်။

“ကျွန်တော်က အမှန်တရားအတိုင်းပဲနေတယ်။ ကျွန်တော့်မှာ ဖုံးကွယ်ထားစရာလည်းမရှိဘူး။ ကျွန်တော့်ဘာသာ ကျွန်တော် စာမျက်နှာပေါ်မှာ မပြောရင်သာနေမယ်။ ကျွန်တော်ဘယ်အလုပ်ပဲ လုပ်လုပ် ခိုးမလုပ်ဘူး။ ခိုးလုပ်ရတာကိုလည်း ၀ါသနာမပါဘူး။ အဲဒါကြောင့် ကျွန်တော့် အချစ်ရေးကို အားလုံးသိကြပါတယ်” လို့ အောင်ရဲလင်းက ပြောပါတယ်။

ဇွန်လကုန်ပိုင်းမှာ အောင်ရဲလင်းနဲ့အတူ ရွှေမှုန်ရတီနဲ့ သင်ဇာဝင့်ကျော်တို့ ၀င်သရုပ်ဆောင်ထားတဲ့ ၀ိညာဉ်ကကြိုး ရုပ်ရှင်ဇာတ်ကားရုံတင်ဖို့ ရှိပါတယ်။ နောက်ပိုင်းမှာ မကြိုက်တဲ့ဇာတ်တွေ မရိုက်တော့ဘူးဆိုတဲ့ အောင်ရဲလင်းက နောက်ပိုင်းမှာ သူ့ဇာတ်ကားတွေ နည်းကောင်း နည်းသွားနိုင်ပါတယ်တဲ့။

Source and Credit : The Voice Daily News

Photo Credit : Pyay Han



Follow us on