1. Home
  2. Special or Others

၁၆ နှစ်အောက် မိန်းကလေးငယ်ကိုခိုးယူပေါင်းသင်းပါက မုဒိမ်းမှုဖြင့်တရားစွဲနိုင်

Special or Others พ.ค. 16, 2560 view 1,576

မိဘများ၊ အုပ်ထိန်းသူများအနေဖြင့်မိမိတို့၏သားသမီးငယ်များအပေါ် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခြင်း ကိစ္စများ၊ သူစိမ်းများအပေါ် ယုံကြည်မှုလွန်ကဲရာမှ မိမိတို့၏သားသမီးငယ်များ ပြစ်မှုကျူးလွန်ခြင်းစေရန် အပ်နှံလိုက်သကဲ့သို့ ဖြစ်ပွားရသည့်ဖြစ်စဉ်များ၊အရက်သေစာသောက်စားထားသော ဖခင်အရင်းကအမူးလွန်၍ အသိစိတ်ပျောက်ကာ သွေးသားရင်းအားကျူးလွန်ခဲ့သည့်ဖြစ်စဉ်များညအချိန်တွင်သမီးငယ်များအားအဖော်မပါဘဲတစ်ဦးတည်းစေခိုင်းသည့်
ဖြစ်ရပ်များကြောင့် ကျူးလွန်ခံရသည့်ဖြစ်စဉ်များ၊ မိမိတို့၏နေအိမ်တွင်အုပ်ထိန်းသူမိဘများမှာ ပြင်ပသို့သွားလာနေခိုက် သမီးငယ်များအား တစ်ဦးတည်းထားခဲ့၍ ကျူးလွန်ခံရသည့်ဖြစ်စဉ်များကို ပါဝါပွိုင့်ဖြင့်ချပြ ရှင်းလင်းကာ မုဒိမ်းမှုကျူးလွန် ခြင်းမခံရစေရန်မှုခင်းအသိပညာပေးများကိုရန်ကုန်တိုင်းဒေသကြီးအတွင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်သတိပေးဟောပြောမှုများပြုလုပ်လျက်ရှိသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၅၏အဓိပါယ်ဖွင့်ဆိုချက်ပဉ္စမအပိုဒ်၌ယခင်က အသက် ၁၄ နှစ်အောက် မိန်းမငယ်အား အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကာမစပ်ယှက်ပါက မုဒိမ်းမှုမြောက်သည် ဟုဖော်ပြထားသော်လည်း ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၆) ဖြင့် အသက် ၁၄ နှစ်အောက် အစား အသက် ၁၆ နှစ်ဟု ပြင်ဆင် သတ်မှတ်လိုက်သည့်အတွက် ၁၆နှစ် အောက် မိန်းကလေးငယ်များမိမိ၏ချစ်သူရည်းစားနှင့် ခိုးရာလိုက်ပြေးပါက လည်း နစ်နာသူများဘက်မှ လာရောက်အမှုရေးဖွင့်ပါက မုဒိမ်းမှုဖြင့်ရေးဖွင့် ပေးရသဖြင့် သားသမီးရှင်များအနေဖြင့်လည်း အသက် ၁၆ နှစ်အောက်မိန်းကလေးငယ်များအား ခိုးယူပေါင်းသင်းခြင်းမခံရစေရေး အထူးဂရုပြု ကြရန်လိုအပ်ကြောင်း ကို ပညာပေးဟောပြောခဲ့ကြောင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပြီး နေ့စဉ်ဟောပြောဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Source: Yangon Police



Follow us on