1. Home
  2. Special or Others

အမေများနေ့မှာ အမေကိုရိုက်နှက်ပြီး ကျေးဇူးဆပ်လိုက်တဲ့သား

Special or Others พ.ค. 16, 2560 view 1,406
အမေများနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် လူမှုကွန်ယက် မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံတစ်ခုကြောင့် ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့ရပါတယ်။ မိခင်ဖြစ်သူက ဖုန်းသုံးနေတဲ့ သားရဲ့ ဖုန်းစခရင်ကို စက္ကန့်ပိုင်းလောက် အမှတ်မထင် သွားကွယ်မိတာကြောင့် မိခင်ဖြစ်သူရဲ့ ဦးခေါင်းကို သားဖြစ်သူက အဆင်မပြတ် ရိုက်နှက်ခဲ့ပါတယ်။
 
 
တရုပ်နိုင်ငံက မိခင်တစ်ယောက်ဟာ စတိတ်ကျောင်းသား အရွယ်သာရှိသေးတဲ့ သားဖြစ်သူကို မျက်မှန်ဆိုင်မှာ မျက်မှန်လိုက်လုပ်ပေးရင်း ထိုင်စောင့်နေစဉ် သားဖြစ်သူက မတ်တပ်ရပ်လျှက် ဖုန်းကိုသဲကြီးမဲကြီး စိုက်ကြည့်ကာ ဂိမ်းဆော့နေခဲ့ပါတယ်။ ထိုအချိန်မှာ ဆိုင်ဝန်ထမ်းက မျက်စိစစ်အဖြေစာရွက် လှမ်းပေးစဉ် မိခင်ဖြစ်သူမှ ယူလိုက်ပြီး သားဖြစ်သူရဲ့ လက်ထဲထည့်လိုက်ချိန် ဖုန်းစခရင်ကို စက္ကန့်ပိုင်းမျှ ကွယ်သွားခဲ့တာကြောင့် ထိုင်နေတဲ့ မိခင်ရဲ့ ဦးခေါင်းကို သူ့လက်နဲ့ အဆက်မပြတ် ရိုက်နှက်ပါတော့တယ်၊ ဆိုင်ဝန်ထမ်းက ထွက်လာပြီး တားမှသာ ရိုက်တာရပ်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
 
 
ကလေးငယ်တွေဟာ စမတ်ဖုန်းတွေ အလွန်အကျွံသုံးရင်း စိတ်တွေက မတည်ငြိမ်ကာ ဒေါသဖြစ်လွယ်တဲ့ အမူအယာတွေ စိတ်ခံစားချက်တွေ ခံစားလာရတာကို တွေ့ရှိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း ဖုန်းမသုံးဖို့ တားတဲ့မိခင်ကို ခြေထောက်နဲ့ အကြိမ်ကြိမ် ကန်ကျောက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်..။
 


Follow us on