1. Home
  2. Special or Others

မယ်ဗမာ အလှမယ်ဘ၀ကနေ ကရင်သူပုန်ခေါင်းဆောင် ဖြစ်လာသူ နော်လူဝီစာဘင်ဇင် ခရိတ်ခ်

Special or Others พ.ค. 17, 2560 view 1,618

နော်လူဝီစာဘင်ဇင် ခရိတ်ခ်ဟာ အသက် ၁၅ နှစ်အရွယ် ၁၉၅၆ ခုနှစ်မှာ မယ်ဗမာဆုရခဲ့သူဖြစ်ပါတယ်။

ကရင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ နော်လူဝီစာဘင်ဇင်ဟာ မြန်မာအလှမယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာမှာ အခက်အခဲတွေ ၊ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး အလှမယ်ဘွဲ့ရခဲ့တဲ့ ထူးခြားတဲ့ ကရင်အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။

အလှမယ်တစ်ဦးဖြစ်ပေမယ့် အလှမယ်ဘ၀နဲ့ မအပ်စပ်တဲ့ ကရင်သူပုန်ဘ၀ကို ခံယူခဲ့တဲ့ ထူးခြားတဲ့ လူသိများတဲ့ အမျိုးသမီးခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ ကရင်လူမျိုးတွေရဲ့ တိုင်းရင်းသားအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို လျှောက်လှမ်းခဲ့သူဖြစ်ပါတယ်။

တောထဲမှာ ကရင်သူပုန်ခေါင်းဆောင်ရဲ့ အမျိုးသမီးအဖြစ်နေရင်း ခက်ခဲတဲ့ ဘ၀လမ်းကို ကြံ့ကြံ့ခံ လျှောက်လှမ်းခဲ့တဲ့ နော်လူဝီစာဘင်ဇင်ဟာ တောထဲကနေမှတဆင့် အမေရိကန်ကို ရောက်လာခဲ့ပါတယ်။ အမေရိကန်မှာ အိမ်ထောင်ထပ်ကျညပီး သမီးတစ်ဦးဖွားမြင်ခဲ့ပါတယ်။

မယ်ဗမာတစ်ယောက်ဖြစ်ခဲ့ပေမယ့် ကိုယ့်တိုင်းရင်းသားတွေအတွက် ခက်ခဲတဲ့လမ်းကို ရွေးချယ်ခဲ့တဲ့ နော်လူဝီစာဘင်ဇင်ရဲ့ ဘ၀ဖြတ်သန်းမှုအတွေ့အကြုံတွေဟာ အင်မတန်မှ စိတ်ဝင်စားစရာကောင်းပါတယ်။

ဒီလိုစိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ နော်လူဝီစာဘင်ဇင်ရဲ့ ဘ၀အကြောင်း အတ္ထုပ္ပတိကို သူ့ရဲ့သမီးဖြစ်သူ ရှာမိန်း ခရိတ်ခ်က သမိုင်းအချက်အလက် နောက်ခံတွေပါဝင်တဲ့ ၀တ္တုတစ်ပုဒ်အဖြစ် အသက်သွင်းခဲ့ပါတယ်။

ရှာမိန်းခရိတ်ခ် (Charmaine Criag) ဟာ မိခင်ဖြစ်သူ နော်လူဝီစာဘင်ဇင်ရဲ့အကြောင်းကို ပုံဖော်ထားတဲ့ Miss Burma စာအုပ်ကို မေလ ၁၅ ရက်က ၀ါရှင်တန်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီစာအုပ်ဟာ စာရေးဆရာမ ရှာမိန်း ခရိတ်ခ် အတွက် ဒုတိယမြောက်စာအုပ်ဖြစ်ပြီး ၊ ပထမစာအုပ်ကတော့ The Good Man လို့ခေါ်တဲ့ စာအုပ်ဖြစ်ပြီး အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့သလို ဘာသာစကား ၆ မျိုးကနေ ဘာသာပြန်ပြီး ပြန်လည်ထုတ်ဝေခဲ့ပါတယ်။

Source : VOA



Follow us on