1. Home
  2. Football

လှည့်လည် အောင်ပွဲခံမယ့် ချန်ပီယံ ချဲလ်ဆီး အသင်း

Football พ.ค. 17, 2560 view 1,658

ယခုရာသီရဲ့ ပရီးမီးယားလိဂ် ပူပူနွေးနွေး ချန်ပီယံ ချဲလ်ဆီး အသင်းဟာ ၎င်းတို့ အနေနဲ့ ချန်ပီယံဆုဖလားနဲ့ အတူ မေလ ၂၈ ရက်နေ့မှာ မြို့တွင်း လှည့်လည် အောင်ပွဲခံမယ်လို့ သိရပါတယ်။ ချဲလ်ဆီး အသင်း အနေနဲ့ FA ဖလားကိုပါ တွဲဖက်ပြီး အောင်ပွဲခံခွင့် ရရှိဖို့ အတွက် အခုလို စီစဉ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီး အသင်းဟာ ၀က်စ်ဘရွန်း ကို အဝေးကွင်း ပွဲစဉ်မှာ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ၂၀၁၄-၂၀၁၅ ရာသီက နောက်ဆုံး ရရှိထားခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။တနင်္ဂနွေနေ့ ဆန်းဒါးလန်း အသင်းနဲ့ နောက်ဆုံး အိမ်ကွင်း ပွဲစဉ် အပြီးမှာ ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်ခံ ရရှိမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းဟာ မေလ ၂၇ ရက်နေ့မှာ အာဆင်နယ် အသင်းနဲ့ FA ဖလား ဗိုလ်လုပွဲစဉ်ကို ကစားရမှာပါ။နိုင်ခဲ့မယ်ဆိုရင်တော့ ပထမဆုံးရာသီမှာပဲ ဖလားနှစ်လုံးရရှိခဲ့တဲ့ ကွန်တီဖြစ်လာမှာပါ။



Follow us on