1. Home
  2. Movie Stars - Celebrity

ပရိသတ်တွေ အမြင်ဆန်းဖို့ ယောကျာင်္းလျာလုပ်မယ့် သွန်းဆက်

Movie Stars - Celebrity พ.ค. 17, 2560 view 1,772

သရုပ်ဆောင်တဲ့ နေရာမှာ အရမ်းချစ်ဖို့ ကောင်းတဲ့ သွန်းဆက်ဟာ ဇွန်လထဲမှာ ရိုက်ကူးသွားမယ့် ရုပ်ရှင်ဇာတ်ကားထဲမှာ ပရိသတ်တွေ အမြင်ဆန်းစေဖို့ အတွက် ယောင်္ကျားလျာ ဇာတ်ကောင်ပုံစံ နဲ့ ရိုက်ကူးသွားဖို့ရှိတယ်လို့ ပြောထားပါတယ်။

ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် မင်းမော်ကွန်း၊ ရဲလေး၊ ရွှေသမီး တို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာလဲ ဖြစ်ပါတယ်။ ရုပ်ရှင်ပိတ်ကားပေါ်မှာ ပရိသတ်တွေ တွေ့ရနည်းတဲ့ သွန်းဆက် အနေနဲ့ ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီးသုံး ကားလောက် ရုံတင်ဖို့ရှိတယ်လို့ လဲပြောထားပါတယ် ။

ယောင်္ကျားလျာ ဇာတ်ရုပ်ကြောင့်ပဲ ပရိသတ်တွေ ချစ်ခဲ့ရတဲ့ သွန်းဆက်က ဒီရုပ်ရှင်ဇာတ်ကားမှာလည်း ပရိသတ်လက်ခံဖို့ အများကြီးပြင်ဆင်သွားမယ်လို့ ပြောထားပါတယ် ။ လတ်တလော လှုပ်ရှားမှုအနေနဲ့ ဗီဒီယိုဇာတ်ကားတွေလက်ခံရိုက်ကူးနေပြီး မေလထဲမှာပဲ ကိုရီယားခရီးစဉ် ထွက်ဖို့ရှိတယ်လို့ သိရပါတယ်။

Credit:Sunday journal



Follow us on