1. Home
  2. Movie Stars - Celebrity

အချစ်မပါဘဲ ငွေကြောင့်လက်ထပ်တာမျိုးမလုပ်ဘူးဆိုတဲ့ ရွှေသမီး

Movie Stars - Celebrity พ.ค. 17, 2560 view 1,561

သရုပ်ဆောင် ရွှေသမီးက အချစ်မပါဘဲ ငွေကြောင့်လက်ထပ်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ရွှေသမီးဟာ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးမယ့် လမ်းကြောင်း ရုပ်ရှင်ဇာတ်ကားမှာ ငွေမက် ဂုဏ်မက်တဲ့ တက္ကသိုလ်ကျောင်းသူ ရတနာအဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒီလိုဇာတ်ရုပ်သရုပ်ဆောင်ပေမယ့် ရွှေသမီးက ငွေကြောင့် အချစ်မပါဘဲလက်ထပ်တာမျိုးကိုတော့ မစဉ်းစားပါဘူးလို့ ပြောပါတယ်။

ကျိကျိတက်ချမ်းသာမှာ မက်တာမျိုးမရှိပေမယ့် မိန်းကလေးဖြစ်တာကြောင့် ကိုယ့်ရဲ့အိမ်ထောင်ဦးစီးကို အားကိုးရမှာဖြစ်တဲ့အတွက် သင့်တင့်တဲ့ အလုပ်အကိုင်၊ ငွေကြေးကတော့ ရှိသင့်တယ်လို့ စဉ်းစားထားတယ်လို့ ပေါ်ပြူလာဂျာနယ်မှာ ဖြေဆိုထားပါတယ်။

အနုပညာသက်တမ်း ၂ နှစ်ကျော် သုံးနှစ်အတွင်း တိုးတက်လာတဲ့ သရုပ်ဆောင်ရွှေသမီးကို ပရိသတ်တွေက အားပေးနေမှာပါ။

Credit : Popular Journal



Follow us on