1. Home
  2. Movie Stars - Celebrity

ရိုက်ကွင်းမှာ ရေနစ်သွားတဲ့ ဇေရဲထက်

Movie Stars - Celebrity พ.ค. 17, 2560 view 1,554

ဇေရဲထက်တစ်ယောက် ထိုင်းနိုင်ငံမှာ ရူတင်တစ်ခုရိုက်နေစဉ် ပါဝင်မှုအခန်းစဉ်အရ ရေထဲနောက်ပြန်ကျတဲ့ အခန်းကိုရိုက်ကူးခဲ့ပါတယ်။အဆိုပါအခန်းကိုရိုက်ကူးနေစဉ်မှာပဲ ရေထဲကျရင်း ခဏတာ ရေနစ်မလိုဖြစ်သွားလို့သူ့ပရိသတ်တွေကတော့စိတ်ပူသွားပါတယ်။

“ အကျွမ်းအကျင်မဟုတ်ပေမယ့်ကူးတတ်တယ် ဖိနပ်ထဲရေဝင်တော့ ခတ်လို့မရ ဘူး ရေကရေသေ အောက်ကို စုပ်ဝင်တာ အမငီး ကြောက်ထာ” လို့စိတ်ပူတဲ့ ပရိသတ်တွေကို ဇေရဲထက်က ရှင်းပြလိုက်ပါတယ်။

“တကယ်နစ်တာ ကြောက်တောင်သွားတယ် ဘုရားဘုရား”  လို့ဇေရဲထက်က ဆိုထားပါတယ်။

ကဲပရိသတ်ကြီးရေ သူ့ဗီဒီယိုဖိုင်ကိုကြည့်ကြရအောင်…



Follow us on