1. Home
  2. Special or Others

ပြည်တွင်းဖေ့စ်ဘွတ်ပေ့ခ်ျများ Error တက်လျှက်ရှိ

Special or Others พ.ค. 17, 2560 view 1,398

ယနေ့ တစ်နာရီကျော်မှ အစပြုကာ ပြည်တွင်းရှိ Page များError တက်နေကြောင်းနဲ့ အဆိုပါ Error ကြောင့် Page တွင်ဖော်ပြထားသော Data များကို Admin များမှာ မမြင်တွေ့နိုင်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့်သိရှိပါတယ်။

“ Facebook page ကို ကွန်ပျူတာနဲ့ ဝင်ရင် Post တွေမမြင်ရတဲ့ ပြဿနာ တက်နေပါတယ်။ အားလုံးဖြစ်နေတာပါ” ပါလို့ Digital Communication လုပ်ကိုင်နေသူတစ်ဦးက ဖေ့ဘွတ်ကနေတစ်ဆင့် မျှဝေထားပါတယ်။လက်ရှိပြသနာမှာ Page Admin များကိုယ်တိုင် ကြုံတွေ့နေရတဲ့ပြသနာဖြစ်ပြီး မကြာခင်ကာလကလည်း facebook အတွင်းသို့ မ၀င်နိုင်တဲ့ပြသနာဖြစ်ပွားခဲ့သေးကြောင်းသိရှိရသည်။

“ပြသနာက ဘာလဲဆိုတော့ ကိုယ်ကိုတိုင် Admin ဖြစ်နေတဲ့ Page ဆိုရင် ကိုယ်တင်ထားသမျှ သတင်းတွေ၊ ဘာတွေမတွေ့ဘူးပေါ့၊ desktop နဲ့ Laptop ဗားရှင်းမှာ မမြင်ရပေမယ့် မိုဘိုင်းလ်ဖုန်းမှာတော့မြင်ရပါတယ်။ကိုယ်က တစ်ခြား Page ကို User အနေနဲ့ကြည့်မယ်ဆိုရင်တော့ မြင်ရတယ်” လို့ Page Admin တစ်ဦးက ပြောကြားထားပါတယ်။

 



Follow us on