1. Home
  2. Movie Stars - Celebrity

Twerk လို့ခေါ်တဲ့ Sexy တင်လှုပ်အက

Movie Stars - Celebrity พ.ค. 17, 2560 view 1,632

"Twerk It Like Miley" သီချင်း Mtv ကို ကြည့်ဖူးကြမှာပေါ့နော်။အမေရိကန်တေးရေးတေးဆို၊ထုတ်လုပ်သူ Brandon Beal သီဆိုထားပြီးChristopher က featuring သီဆိုထားတာပါ။

MTV ထဲမှာတော့ လုံးကြီးပေါက်လှမော်ဒယ် သရုပ်ဆောင် ကောင်မလေး ၃ယောက်က တင်ပါးကိုလှုပ်ကနေတာတွေ့မှာပါ။ အဲ့တာကို Twerk လို့ခေါ်တွင်ပေမယ့် ကခုန်သူတွေထက် ကြည့်သူတွေက ပိုရင်ခုန်နေမှာပါ။

တင်ပါးကို လှုပ်ပြီး ကရတဲ့ အကတစ်မျိုးဖြစ်တဲ့အပြင်၂၀၁၆ တုန်းက အတော်ကို ခေတ်စားခဲ့တဲ့ Sexy dance တစ်မျိုးပါ။ပုံမှန်အားဖြင့်Twerk လုပ်တာက (၂) မိနစ်လောက်ထိပဲ ကနိုင်ကြပေမယ့် ဘီဘီစီ ဝမ်း ရေဒီယိုမှ ဒီဂျေနှစ်ယောက်ကတော့ တစ်နာရီကျော်ကြာတဲ့အထိ ကနိုင်ခဲ့ကြပါတယ်။

အကြာဆုံး Twerk လုပ်နိုင်သူက ဒီဂျေ နစ်ဂရင်းမ်ရှော (DJ Nick Grimshaw) ဖြစ်ပါတယ်။ကြာချိန်ကတော့ တစ်နာရီနဲ့ မိနစ်အနည်းငယ် ကနိုင်ပြီး သူ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဒီဂျေ ဂရက် ဂျိန်းမ်စ် (DJ Greg James) ကတော့ တစ်နာရီနဲ့ (၈) မိနစ်ထိ ကြာအောင် အစွမ်းကုန် လှုပ်ကခဲ့ပြီး ဂင်းနစ်စံချိန်ချိုးခဲ့ပါတယ်။



Follow us on