1. Home
  2. Movie Stars - Celebrity

တစ်ကိုယ်တော် အခွေသစ်စီစဉ်နေတဲ့ အဆိုတော် မဒီ

Movie Stars - Celebrity พ.ค. 18, 2560 view 2,140

အခုချိန်ထိ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရထားတဲ့ အဆိုတော်မဒီက တစ်ကိုယ်တော် အခွေသစ် “နေ့သစ်များ” ကို စီစဉ်နေတယ်လို့ သိရပါတယ်။

မဒီရဲ့ “နေ့သစ်များ” အခွေမှာ ကိုယ်ပိုင်သံစဉ် သီချင်း ၁၀ ပုဒ်ပါဝင်မှာ ဖြစ်ပြီး အချစ်အကြောင်း ၊ ဘ၀အကြောင်း ၊ လွမ်းဆွတ်မှုအကြောင်း သီချင်းလေးတွေ ပါမယ်လို့ တေးသံရှင်မဒီကပြောပါတယ်။

သီချင်းပုံစံလေးတွေကိုတော့ Jazz ၊ Blues ၊ Reggae ၊ Celtic စတဲ့ စတိုင်လေးတွေ လုပ်ထားပြီး မဒီက သူ့ရဲ့အဘွားဖြစ်သူအတွက် အမှတ်တရအဖြစ် Zenn Kyi နဲ့ နှစ်ယောက်ပေါင်းရေးထားတဲ့ သီချင်းတစ်ပုဒ်လဲ ပါဝင်ဦးမယ် လို့ 7Day နဲ့ အင်တာဗျူးမှာ ဖြေထားပါတယ်။

မဒီက နေ့သစ်များ အပြင် အခြားအယ်လ်ဘမ်တစ်ခုလဲ စီစဉ်နေပြီး အဲဒီအယ်လ်ဘမ်ထဲမှာတော့ ခရစ္စမတ်သီချင်းအများစု ပါဝင်မယ်လို့ ပြောပါတယ်။

Credit : 7Day



Follow us on