1. Home
  2. Movie Stars - Celebrity

"အိပ်မက်နဲ့ စိတ်ဓာတ်"သီချင်းခွေထုတ်လိုက်တဲ့ ချစ်စမ်းမောင်ရဲ့ သမီးထွေး ငဲငယ်လေး

Movie Stars - Celebrity พ.ค. 18, 2560 view 1,617

ပရိသတ်တွေ အသည်းစွဲ Iron Cross အဖွဲ့ရဲ့ ပင်တိုင်ဂစ်တာသမား ချစ်စမ်းမောင်ရဲ့ သမီးအငယ်ဆုံး ငဲငယ်လေး ရဲ့ တေးစီးရီးကို မေလ ၁၈ (ယနေ့)မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။

ငဲငယ်လေးက သူအရမ်းအားရပြီး သူ့ကိုလဲ စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းဖြစ်တဲ့ အိပ်မက်နဲ့စိတ်ဓာတ်သီချင်းကို ရည်ညွှန်းပြီး တေးစီးရီးလေး ခေါင်းစဉ်ကို အိပ်မက်နဲ့စိတ်ဓာတ်လို့ပေးခဲ့ပါတယ်။

ချစ်စမ်းမောင်ရဲ့ ဂီတသွေးတွေ စီးဆင်းနေတဲ့ ငဲငယ်လေး ရဲ့ အိပ်မက်နဲ့စိတ်ဓာတ် တေးစီးရီးမှာ နာမည်ကျော်တေးရေးတွေဖြစ်တဲ့ တေးရေး ညီညီသွင် ၊ ရွှေဂျော်ဂျော် ၊ မောင်မောင်ဇော်လတ် ၊ လင်းလင်း ၊ ကိုအောင် ၊ ရယ်ဂျီ ၊ သွန်းပူ ၊ L ဖိုး ၊ ဟန်သစ်ထူးမိုး ၊ လုဆိုင်း နဲ့ ငဲငယ်လေး ကိုယ်တိုင် ၀င်ရေးထားပါတယ်။

တေးသီချင်း ၁၃ ပုဒ်ပါဝင်မယ့် ငဲငယ်လေးရဲက အိပ်မက်နဲ့ စိတ်ဓာတ် အခွေလေးကို ၀ယ်ယူနားဆင်ကြည့်ကြပါဦးနော်။



Follow us on