1. Home
  2. Myanmar News

ပင်စင်စားများ မိုဘိုင်းဖုန်းဖြင့် ငွေထုတ်ယူနိုင်

Myanmar News พ.ค. 18, 2560 view 1,814

ပင်စင်စားများအနေနဲ့သက်ဆိုင်ရာသို့သွားရန်မလိုအပ်ဘဲ မိုဘိုင်းလ်ဖုန်းကနေတစ်ဆင့်ထုတ်လိုက်ပါပြီး။ MPT နဲ့ MEC Tel  အသုံးပြုရန်လိုအပ်ပါတယ်။မိုဘိုင်းလ်ဖုန်းနဲ့ငွေထုတ်ယူမယ်ဆိုရင် ၀န်ဆောင်ခ ၅၀၀ ကျသင့်မှာပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ Myanmar Mobile Money ကိုယ်စားလှယ်ပေါင်း ၃၀၀၀ ကျော်ကနေတစ်ဆင့် တိုက်ရိုက်ငွေထုတ်ယူနိုင်မှာပါ။

Myanmar Mobile Money စနစ်အသုံးပြုကာ

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက်မိုဘိုင်းပင်စင်အသုံးပြုလိုပါကမြန်မာမိုဘိုင်းမန်းနီး၏ မိုဘိုင်းပင်စင် Form ကို မြန်မာ့စီးပွားရေးဘဏ်များတွင် ဖြည့်သွင်းခြင်းဖြင့် အောက်ပါအကျိုး ကျေးဇူးများ ရယူနိုင်ပါသည်။

(၁)ပင်စင်လစာလက္ခံရရှိကြောင်း

အကြောင်းကြားစာပေးပို့ခြင်း။

(၂)ပင်စင်ငွေ ကျပ်သိန်းနှစ်ဆယ်အထိ စုဆောင်းထားနိုင်ခြင်း။

(၃)မြန်မာမိုဘိုင်းမန်းနီး၏ နီးစပ်ရာ ကိုယ်စားလှယ်များ၊ဘဏ်များတွင် ငွေထုတ်ယူနိုင်ခြင်းကြောင့် ခရီးစရိတ်နှင့် လူပင်ပန်း သက်သာခြင်း။

(၄)ရောက်ရှိရာ ဒေသရှိ မြန်မာမိုဘိုင်းမန်းနီး၏ ကိုယ်စားလှယ်များ၊ဘဏ်များတွင်ငွေထုတ်ယူနိုင်ခြင်း။

(၅)ခရီးသွားရာတွင် ငွေပိုအဖြစ်ဆောင်ယူထားပြီး လိုအပ်မှ ထုတ်ယူသုံးစွဲနိုင်ခြင်း။

(၆)လှူဒါန်းရန်နှင့် အခြားကိစ္စရပ်များအတွက် ငွေလွှဲပေးပို့နိုင်ခြင်း။

(၇)မိသားစုနှင့် မိတ်ဆွေများအတွက် ဖုန်းငွေဖြည့်ရန် အသုံးပြုနိုင်ခြင်း။

(၈) မြန်မာမိုဘိုင်းမန်းနီးချိတ်ဆက်ထားသော ဆိုင်များ ၊ Super Market များတွင် ဈေးဝယ်ယူနိုင်ခြင်း။



Follow us on