1. Home
  2. Special or Others

ဆယ်လဖီဆွဲနေတုန်း အလစ်သုတ်ခံလိုက်ရတဲ့ အမျိုးသမီး

Special or Others พ.ค. 18, 2560 view 1,520
မလေးရှားနိုင်ငံကို ခရီးသွားကုမ္ပဏီနဲ့ အလည်လာတဲ့ အသက် ၄၁ နှစ်အရွယ် တရုပ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ကွာလာလမ်ပူမြို့ရှိ အထင်ကရ ရှေးဟောင်းတရားရုံး အဆောက်အဦကြီးရဲ့ရှေ့မှာ အမှတ်တရ ဆယ်လဖီ ရိုက်နေစဉ် အလစ်သုတ်ခံခဲ့ရတာဖြစ်ပါတယ်။
 
သူမဟာ ဆယ်လဖီတုတ်ချောင်း အသုံးပြုပြီး ဆယ်လဖီဗီဒီယိုရိုက်ကူးနေစဉ် အလစ်သုတ်သမားက ဆိုင်ကယ်နှင့် နောက်မှရောက်လာကာ သူမရဲ့ စလင်းဘတ်အိပ်ကို ဆွဲချသွားခဲ့တာ ဖြစ်ပါတယ်။ အိပ်နဲ့အတူ သူမဟာ လမ်းမပေါ်လဲကျပြီး တရွတ်ဆွဲပါသွားတာကို ဗီဒီယိုမှာ တွေ့မြင်ခဲ့ရပါတယ်။
 
မလေးရှားရဲအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသမီးဟာ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပဲ အိတ်နဲ့အတူ စာရွက်စာတမ်းတွေသာ ပျောက်ဆုံးခဲ့တယ်လို့ ပြောဆိုခဲ့ပြီး အမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ အမျိုးသမီးကတော့ ရဲစခန်းမှာ အမှုဖွင့်ပြီး မကြာမီမှာ အခြားနိုင်ငံခရီးစဉ်တွေအတွက် မလေးရှားနိုင်ငံမှ ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။
 
ဆိုင်ကယ်ပေါ်ကနေ အလစ်သုတ်တတ်တဲ့ အလေ့အထဟာ မလေးရှားနိုင်ငံရဲ့ အမည်းစက်တစ်ခုလို ဖြစ်နေပြီး အာဏာပိုင်တွေက အမြစ်မဖြတ်နိုင်သေးတဲ့အတွက် မလေးရှားနိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင် အထူးသတိထားရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။
 


Follow us on