1. Home
  2. Special or Others

အရပ်သားနဲ့ လက်ထပ်ပြီး တော်ဝင်မျိုးနွယ်ကို စွန့်တော့မယ့် ဂျပန်မင်းသမီး

Special or Others พ.ค. 18, 2560 view 1,959

ဂျပန်ဧကရာဇ်ရဲ့ မြေးအကြီးဆုံးဖြစ်တဲ့ မင်းသမီးမာကိုဟာ အရပ်သားတစ်ဦးနဲ့ လက်ထပ်ပြီး တော်ဝင်မျိုးနွယ်ဘ၀ကို စွန့်လွှတ်တော့မယ်လို့ သိရပါတယ်။

ဂျပန်မင်းသမီးတွေဟာအရပ်သားနဲ့ လက်ထပ်ရင် နန်းတော်မှ ထွက်ခွာရတဲ့ဓလေ့ရှိပြီး မာကိုကတော့ သူနဲ့ကောလိပ်ကျောင်းနေဖက်ဖြစ်တဲ့ အရပ်သားတစ်ဦးနဲ့ လက်ထပ်မှာဖြစ်ပါတယ်။

မင်းသမီးရဲ့ ကြင်ယာဖက် ကိုမူရိုဟာ တိုကျိုမြို့အနီး ခရီးသွားမြှင့်တင်ရေးလုပ်ငန်းမှာ ပင်လယ်မင်းသားအဖြစ် ပရိုမိုးရှင်း လုပ်ပေးခဲ့ဖူးသူတစ်ယောက်ဖြစ်တာကြောင့် မင်းသမီးမာကိုတို့ရဲ့ အချစ်ဇာတ်လမ်းကို ပင်လယ်မင်းသားနဲ့ တော်ဝင်မင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းအဖြစ် ဖော်ပြမှုများလည်း ရှိနေပါတယ်။

ဂျပန်ဧကရာဇ်မှာ နန်းမွေဆက်ခံခွင့်ရှိသူ လေးဦးသာရှိပြီး အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဘုရင်အကီဟီတို ၊ အသက် ၈၀ ကျော် ညီဖြစ်သူ ၊ သားနှစ်ဦး နဲ့ မြေးယောက်ျားလေး ဟီဆာဟီတို တို့ဖြစ်ပါတယ်။

ဘုရင်အကီဟီတိုရဲ့မြေးလေးဦးအနက် ကျန်သုံးဦးမှာ မိန်းကလေးများဖြစ်ပြီး တော်ဝင်မျိုးနွယ် နည်းပါးလာမှုနဲ့လဲ ရင်ဆိုင်နေရပါတယ်။

Credit : The Voice



Follow us on