1. Home
  2. Special or Others

အသက် ၉၈ နှစ်မှ ဘွဲ့ရခဲ့တဲ့ အဘွား

Special or Others พ.ค. 18, 2560 view 1,582

ဗြိတိန်နိုင်ငံမှ အသက် ၉၈ နှစ်အရွယ် အဘွားဟာ အသက်အကြီးဆုံး ဘွဲ့ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဘွား ဖရီဒါစမစ်ဟာ တက္ကသိုလ်တက်နေစဉ်အခါက ဒုတိယနှစ်အပြီး ငွေကြေးမတတ်နိုင်တာကြောင့် ကျောင်းထွက်ခဲ့ရပြီး ဘွဲ့မရရှိခဲ့ပါဘူး။ ကျောင်းပြန်တက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် စစ်ဖြစ်နေတာကြောင့် ကျောင်းပြန်မတက်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် ၁၉၈၁ ခုနှစ်မှာ ကောလိပ်ကပေးတဲ့ ဆရာအတတ်သင် အရည်အချင်းပြည့် အောင်လက်မှတ်ရရှိခဲ့ပြီး Sprites Infant School မှာ ကျောင်းအုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။  

အဘွား ဖရီဒါဟာ အသက် ၉၈ နှစ်ရှိပြီဖြစ်ပေမယ့် မှတ်ဥာဏ်များကောင်းနေဆဲဖြစ်ပါတယ်။ ကျောင်းဆရာမအဖြစ် ၄၄ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့စဉ်က နာမကျန်းဖြစ်သောကြောင့် ခွင့် ၁၉ ရက်သာ ယူခဲ့ဖူးတဲ့သူလည်းဖြစ်ပါတယ်။

အဘွားကို ဘွဲ့ပေးတဲ့အခမ်းအနားမှာ ပါမောက္ခ ပေါလ်အိုပရေးက ပညာရေးအတွက် အသက်ထက်ဆုံး ကြိုးပမ်းဆောင်ရွက်သူများအတွက် ဒီဘွဲ့ကိုချီးမြှင့်ခြင်း ဖြစ်တယ်လို့ ဂုဏ်ပြုစကားပြောခဲ့ပါတယ်။

Credit : The Voice


 



Follow us on