အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက စက်ရုံမှအလုပ်ထုတ်ခံခဲ့ရသဖြင့် ညစ်တွန်းတွန်းကာ အလိူအလျောက်ငွေထုတ်စက် ATM စက်ကို မီးရှို့ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် အိပ်ထဲမှ သံရိုက်တူကိုထုတ်က ATM စက်ကို ရိုက်နှက်ဖျက်ဆီးခဲ့သည်။ ဖျက်ဆီးလို့ အားမရသေးပဲ ATM စက်ကို ဓါတ်ဆီလောင်းကာ မီးရှို့သည်။ မီးတောက်က ကြီးလာသည့်အခါ စိုးရိမ်စိတ်ဝင်လာပြီး လေနဲ့ မှုတ်ငြိမ်းသော်လည်း မရသဖြင့် ကြံရာမရသည့်အဆုံး ဘောင်းဘီချွတ်ချပြီး သေးနဲ့ပန်းကာ မီးငြိမ်းသတ်ခဲ့သည်။
ကျပ်ငွေ ၂၃၇ သိန်းခန့် တန်ဖိုးရှိတဲ့ ATM စက်ကို ဖျက်ဆီးမှုနဲ့ “လီ”ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ATM စက်ကို ဖျက်ဆီးရတဲ့ ရည်ရွယ်ချက်ကို မေးမြန်တဲ့အခါ “ငါက အလုပ်ပြုတ်သွားလို့ သုံးစရာပိုက်ဆံမရှိဘူး၊ ဒီတော့ တစ်ခြားလူတွေလဲ ငါ့လိုပိုက်ဆံသုံးလို့မရအောင် အခုလို ဖျက်ဆီးတာ” လို့ ထွက်ဆိုခဲ့ပါတယ်။