1. Home
  2. Special or Others

အမိုက်စား ကားအရောင်းပြခန်း(ရုပ်သံဖိုင်ပါတယ်နော်)

Special or Others พ.ค. 19, 2560 view 1,624

စင်္ကာပူမှာရှိတဲ့ အမိုက်စားကားအရောင်းပြခန်းနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။အဲ့အရောင်းပြခန်းကတော့Autobahn Motorsအမည်ရှိပြီး ဇိမ်ခံတန်ဖိုးကြီးကားအမျိုးအစားတွေကို တစ်စုတစ်စည်းထဲ ၀ယ်ယူနိုင်မယ့် ကားအရောင်းပြခန်းပါ။ ဇိမ်ခံကားအရောင်းပြခန်းတွေထဲမှာတော့ ကမ္ဘာ့အကြီးဆုံးဆိုတဲ့ ဂုဏ်ကို လက်ရှိမှာပိုင်ဆိုင်ထားပါတယ်။ အလုပ်လုပ်ပုံကလည်းနည်းပညာအထောက်အပံ့နဲ့ လုပ်ဆောင်နေတာကြောင့်ခေတ်မှီတဲ့ ကားအရောင်းပြခန်းလို့ ဆိုလိုရပါတယ်။

ဝယ်ယူသူတစ်ယောက် ရောက်လာတဲ့အခါ နှစ်သက်ရာ ဇိမ်ခံကားကို Touch Screen Monitor မှာ စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။အဲ့နောက် ကိုယ်နှစ်သက်ရာတွေ့တဲ့အခါမှတော့ လှမ်းခေါ်လိုက်ရုံနဲ့ချက်ချင်းပဲေ ရွးချယ်ထားတဲ့ ကားရောက်လာမှာဖြစ်လို့ စိတ်ကြိုက် ကြည့်နိုင်စစ်ဆေးနိုင်ပါတယ်။အဲ့တာကတော့ ကားအထုတ်၊အသွင်း နည်းပညာစနစ်ကြောင့်ပါ။

ABM General Manager Gary Hong ကအဆိုပါကားအရောင်းပြခန်းကို တည်ဆောက်ခဲ့တာဖြစ်သလို စင်္ကာပူနိုင်ငံ အတွင်းက မြေနေရာအကျယ်အ၀န်း သက်သာစေမည့် ပုံစံဒီဇိုင်းကိုရေးဆွဲခဲ့တာပါ။ Lamborghini, Bentley, Rolls Royce နဲ့ Porsche အစရှိတဲ့ ဇိမ်ခံကားအမျိုးအစားများစွာကိုAutobahn Motors အရောင်းပြခန်းမှာ ၀ယ်ယူနိုင်ပါတယ်။ ကားအရောင်းပြခန်းအချို့ကတော့ အများပြည်သူပိုင် လမ်းမပေါ်အထိ နယ့်ချဲ့နေချိန်မှာ အခုလို အဆင့်မြင့် နည်းပညာသုံးခြင်းက နိုင်ငံဂုဏ်ကို မြင့်တက်စေပါတယ်။



Follow us on