1. Home
  2. Special or Others

သိန်း၅၀၀၀၊သိန်း၃၀၀၀ ထီဆုအရေအတွက်တိုးမြင့်ရန်ရှိ

Special or Others พ.ค. 19, 2560 view 1,444

ကျပ် ၅ဝဝ တန် အောင်ဘာလေထီဆုမဲများကို တိုးမြှင့်ချီးမြှင့်ပေးရန် ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

လက်ရှိတွင် ကျပ် ၅ဝဝ တန် အောင်ဘာလေထီဆုမဲများကို အမြင့်ဆုံးဆု ကျပ်သိန်းတစ်သောင်းအပါအဝင် ကျပ်သိန်း ငါးထောင်စု တစ်ဆု၊ ကျပ်သိန်း တစ်ထောင်ဆု တစ်ဆု၊ ဆုတစ်ဆုချင်း စနစ်တွင် ကျပ်သိန်းတစ်ရာဆု၊ ကျပ်သိန်းငါးဆယ်ဆု၊ ကျပ်ဆယ်သိန်းဆု၊ ဝေဝေ ဆာဆာပဒေသာဆု မဲစနစ်တွင် ကျပ်သုံးသိန်းဆု၊ ကျပ်နှစ်သိန်းဆု၊ ကျပ်တစ်သိန်းဆု၊ ကျပ်ငါးသောင်းဆုတို့ဖြစ်သည်။

aနာက်ပိုင်းတွင် အမြင့်ဆုံးဆု ကျပ်သိန်း တစ်သောင်းဆုအပြင် ကျပ်သိန်း ငါးထောင်ဆု နှစ်ဆုခန့်၊ ကျပ်သိန်း သုံးထောင်ဆု သုံးဆုခန့်၊ ကျပ်သိန်း တစ်ထောင်ဆုတို့အပြင် ဆုမဲများကို ဝေဝေဆာဆာတိုးမြှင့်ပေးအပ်သွားရန် စီစဉ်လျက်ရှိသည်ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်​။ ထီလက်မှတ် ရောင်းချခဲ့သည့်အပေါ်မူတည်၍ ထီလက်မှတ်စာအုပ်ရောင်းရငွေပေါင်းမှ ၆ဝ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ခွဲဝေပေးရာ ဆုမဲပေါင်းတစ်သိန်းဝန်းကျင်ခန့် ပေးအပ်လျက်ရှိသည်။

Source: MNJ News



Follow us on