1. Home
  2. Movie Stars - Celebrity

အဖေ့နေမျိုးအောင်ရဲ့ အနုပညာအမွေကိုဆက်ခံမယ့် နေ

Movie Stars - Celebrity พ.ค. 19, 2560 view 1,599

သရုပ်ဆောင် နေမျိုးအောင်ရဲ့သားဖြစ်သူ နေ ဟာ အဖေရဲ့အနုပညာအမွေကိုဆက်ခံတဲ့အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ စရိုက်နေပြီလို့ သိရပါတယ်။ မင်းသားအတွဲ သဘောမျိုးပေါ့နော်၊ ဇာတ်ကားကတော့ အစုံပါပဲ၊ ဒရာမာကားတွေ ပိုရိုက်ဖြစ်ပါတယ်၊ ဇာတ်ကားပေါင်း ကိုးကား၊ ၁၀ ကားရှိပါပြီ၊ မင်းသားအနေနဲ့အပြိုင်နေရာမျိုးက ပါဝင်သရုပ်ဆောင်ဖြစ်တယ်၊ဒုတိယမိဘဆိုတဲ့ဇာတ်ကားမှာ အဓိက ဇာတ်ဆောင်နေရာက တစ်ကားပါဝင်ထားပါတယ်၊

အဖေကတော့ သိပ်မသင်ဖြစ်သေးပါဘူး၊ သူ့အိုက်တင်ဖြစ်မှာစိုးလို့ ဒါရိုက်တာတွေနဲ့ပဲလွှတ်ထားပါတယ်၊ ဇာတ်ကားတွေကြည့်တယ်၊ အခြားအနုပညာရှင်တွေ သရုပ်ဆောင် တာကြည့်ပြီး ကိုယ်ပိုင် ခံစားချက်နဲ့ပဲ လုပ်ဆောင်ပါတယ်လို့ပြောထားပါတယ် ။ စီးပွားရေးအဖြစ် ဖခင်နေမျိုးအောင် ပိုင်ဆိုင်တဲ့ ပုပ္ဗားက နေမင်းသား ဟိုတယ်ကို ဦးစီးလုပ်ကိုင်နေပြီး အနုပညာနဲ့တွဲဖက်လုပ်ဆောင်ဖြစ် တယ်လို့သိရပါတယ်။

ယခုအချိန်မှာတော့ အနုပညာကိုအားစိုက် လုပ်ဆောင်နေပြီး အနုပညာနဲ့ စီးပွားရေးဆိုရင် အနုပညာကိုပဲ ရွေးချယ်မှာဖြစ်ပြီး အသက်အရွယ်အတိုင်း အတာတစ်ခုအထိသာ စီးပွားရေးကိုလုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဖခင်လို အောင်မြင်တဲ့ အနုပညာရှင်လမ်းကြောင်းကို လိုက်ရတာ ဂုဏ်ယူမိပြီး အနုပညာကို လုပ်ရတာ ကျေနပ်တယ် ။

အနုပညာကို ကြိုးစားလုပ်ဆောင်နေတာဖြစ်တဲ့အတွက် မသိရှိသေး တဲ့ ပရိသတ်တွေကလည်း သူ့ရဲ့သရုပ်ဆောင်မှုကို အားပေး ကြည့်ရှု စောင့်ရှောက်ပေးကြပါလို့ နေက ပြောသွားခဲ့ပါတယ်။

Credit:Kumudrar



Follow us on