1. Home
  2. Special or Others

၁၄နှစ်သမီးကို လိမ္မော်သီး ခိုးစားတယ်လို့ စွပ်စွဲပြီး ရေနွေးပူဖြင့်လောင်တဲ့အမှု အမိန့်ချ

Special or Others พ.ค. 19, 2560 view 1,498

ပြီးခဲ့တဲ့နှစ် ၂ဝ၁၆ ဒီဇင်ဘာလက မော်လမြိုင်မြို့ တက္ကသိုလ် ကျောင်းဝင်းရှိ အမျိုးသား ဘော်ဒါဆောင်မှာ ထမင်းချက်လုပ်ငန်း ကန်ထရိုက်ယူ လုပ်ကိုင်သူ မအေးအေးစိုး က အလုပ်ဝိုင်းကူ လုပ်ပေးနေတဲ့ အသက် (၁၄) နှစ် အရွယ် မိန်းကလေးကို လိမ္မော်သီး (၂) လုံး ပျောက်တာကို ခိုးယူတယ် ဆိုပြီး ရေနွေးပူနဲ့ လောင်းတာ၊ ထင်းနဲ့ ဦးခေါင်းကို ရိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ရဲမှတ်တမ်းများ အရ သိရပါတယ်။၁၈.၅.၂၀၁၇မှာတော့အဆိုပါ အသက် (၁၄) နှစ် အရွယ် မိန်းကလေးငယ်ကို လိမ္မော်သီး ခိုးစားတယ်လို့ စွပ်စွဲပြီး အလုပ်ရှင်က ရေနွေးပူဖြင့် လောင်းချခဲ့တဲ့ အမှုကို မော်လမြိုင်မြို့နယ် တရားသူကြီးက အလုပ်ရှင်ကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ်  အမိန့် ချမှတ်ခဲ့ပါတယ်။

 

Source:RFA

 



Follow us on