1. Home
  2. Movie Stars - Celebrity

အဘိုးနဲ့ အဖေထက် ၂ ဆ ပိုကြိုးစားနေတယ်ဆိုတဲ့ မင်းမော်ကွန်းရဲ့သား

Movie Stars - Celebrity พ.ค. 19, 2560 view 1,613

ပြည်သူချစ်တဲ့ မင်းသား မင်းမော်ကွန်းရဲ့သား မင်းမြတ်က အဘိုးဖြစ်သူနဲ့ အဖေဖြစ်သူက အနုပညာသမားတွေဖြစ်တဲ့အတွက် သူက ၂ ဆ ပိုကြိုးစားနေတယ်လို့ ပြောပါတယ်။

လက်ရှိ cele ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ Repeater ကျောင်းသား ကျောင်းပျော်ကြီးတစ်ယောက်အဖြစ် မင်းမြတ်က ပါဝင်သရုပ်ဆောင်နေပါတယ်။ အနုပညာကို ချစ်မြတ်နိုးပြီး ၀ါသနာပါတဲ့ မင်းမြတ်က အသက် ၁၇ နှစ်ရှိပြီဖြစ်ပြီး ပန်းချီသင်တန်း တက်ရောက်နေပါတယ်။

ဒါရိုက်တာပညာ သင်ကြားပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ဇာတ်ကားတွေ ရိုက်ကူးဖို့ အစီအစဉ်တွေ ရှိနေတဲ့ မင်းမြတ်က အဘိုးနဲ့ အဖေ ခြေရာကို လိုက်နိုင်ဖို့ ၂ ဆကြိုးစားနေပါတယ်လို့ ပေါ်ပြူလာဂျာမယ်မှာ ပြောထားပါတယ်။

နာမည်ကျော် မင်းသားကြီး ဇင်ဝိုင်းရဲ့မြေး ၊ ပြည်သူချစ် မင်းသားချော မင်းမော်ကွန်းရဲ့သား မင်းမြတ်ရဲ့ အနုပညာအရည်အသွေးကိုတော့ ပရိသတ်တွေ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Source : ပေါ်ပြူလာဂျာနယ်

Photo Credit : မင်းမင်းထွန်း , popular journal


 



Follow us on