1. Home
  2. Special or Others

မိုင်၆၀၀၀ကျော် ဖြတ်ကျော်ကာ ချစ်ရတဲ့ ကောင်လေးကိုသွားတောင်းတဲ့ အွန်လိုင်းချစ်သူ

Special or Others พ.ค. 19, 2560 view 1,944

အချစ်အတွက် မိုင်၆၀၀၀ကျော်ဖြတ်ကာ ချစ်ရတဲ့ ရွာသားလးကိုသွားရောက် တောင်းရမ်းတဲ့သတင်းလေးကို တင်ပြပေးလိုက်ပါတယ်။ အီတလီနိုင်ငံMonte Blancoမှာစားပွဲထိုးလုပ်နေတဲ့  Ilariaဆိုတဲ့ကောင်မလးက တစ်နေ့မှာတော့အွန်လိုင်းကနေတစ်ဆင့် ကောင်လေးတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။အဆိုပါကောင်လေးအမည်ကတော့Dzulfikar ပါ။နေထိုင်ရာနေရာကတော့ အင်ဒိုနီးရှားနိုင်ငံကကျေးရွားလေးတစ်ရွာမှာပါ။ အလှမ်းဝေတဲ့ နေရပ်နှစ်ခုကြားက ချစ်ဇာတ်လမ်းလေးအစပြုလိုက်ပါပြီ။ပြသနာကတော့ အကွာအဝေးပါ။ကောင်မလေးနေထိုင်ရာ အီတလီနဲ့ကောင်လေးနေထိုင်ရာအင်ဒိုနီးရှားကကျေးရွာတို့ကြား အကွာအဝေးက 6,915 miles (11,129 kilometers) ရှိပါတယ်။ အဲ့အကွာအဝေးအတွက် သွားဖို့ဆိုတာ ငွေကြေးများစွာရှိသလို၊ကောင်လေးကို တောင်းယူဖို့အတွက်လည်း ဒိုးပြာတွေလိုတာပေါ့။နောက်ဆုံးမှတော့Ilaria ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ရှာတယ်၊စုတယ်၊ရှာတယ်၊စုတယ်၊အချစ်အတွက်ပေါ့။နှစ်နှစ်ကြာတဲ့အခါမှာတော့ကောင်လေးရှိရာ အင်ဒိုနီးရှားဂျာဗားကို ရောက်အောင်သွားနိုင်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ ဧပြီ လမှာ ကောင်လေးရှိရာရောက်ဖို့Ilaria တစ်ယောက်လေယာဉ်ကို အီတလီကနေ ၁၇နာရီကြာစီးခဲ့ရပါတယ်။နောက်ဆုံးမှာတော့ချစ်ရတဲ့သူတွေ ကြည်နူးစွားပေါင်းစည်းနိုင်ခဲ့ပါတယ်။



Follow us on