1. Home
  2. Myanmar News

ညီမအရင်းခေါက်ခေါက်ကို တရုပ်မယားအဖြစ် ရောင်းစားသူအား ဖမ်းဆီးရမိ

Myanmar News พ.ค. 22, 2560 view 1,519

ကျိုင်းတုံမြို့နယ်တွင် အသက် ၁၇ နှစ်အရွယ်ခန့် ညီမတော်စပ်သူ နှစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ရောင်းချခဲ့သည့် အစ်ကိုဖြစ်သူကို ယနေ့ (မေလ ၂၁ ရက်) နံနက် ၃ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သတင်းရရှိသည်။

မိုင်းပန်လယ် ကျေးရွာအုပ်စု ပိန်းအုပ်ရွာနေ အသက် ၃၅ နှစ်ခန့်အရွယ် ကျမူးဆိုသူသည် မေလ ၁ ရက်နေ့က အသက် ၁၇ နှစ်ခန့်အရွယ်ရှိ ညီမအရင်း တစ်ဦးနှင့် ညီမဝမ်းကွဲ တော်စပ်သူတစ်ဦးတို့ကို အထူးဒေသ (၄) မိုင်းလာမြို့၌ အလုပ်ရရှိမည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီး တရုတ်နိုင်ငံ၌ တရုတ် ဇနီးမယားများအဖြစ် ငွေကြေး ရယူကာ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်မောင်မောင်သင်းက ပြောကြားသည်။


“ရောင်းချခံရတဲ့ မိန်းကလေး နှစ်ဦးကို ကယ်တင်နိုင်ဖို့နဲ့ လွတ်နေတဲ့ တရားခံနှစ်ဦးကို ဖမ်းမိဖို့ စုံစမ်းနေတယ်”ဟု အဆိုပါအမှုကို စစ်ဆေးသည့် အရာရှိလည်းဖြစ်သူ ရဲအုပ်မောင်မောင်သင်းက ပြောကြားခဲ့သည်။

Credit: ဗိုလ်ဗိုလ်


 



Follow us on