ရုရှားနိုင်ငံ မော်စကိုမြို့က မော်ဒယ်နဲ့ ကခြေသည် စဗီတာဘီလီယာလိုဗာက သူမကား မီးပွိုင့်မိနေတာကြာနေလို့ ငြီးငွေ့လာပြီး ကားပေါ်ကဆင်းကာ လမ်းလယ်ခေါင်မှာ ကခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် မော်ဒယ်က ကားဘောနက်စ်ပေါ်ကို ခုန်မတက်ခင် ကားရှေ့မှာ သူမရဲ့ခန္ဓာကိုယ်ကို ဆွဲဆောင်မှုရှိစွာ လှုပ်ရှားကနေတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ကားစီဒီစက်ထဲက ဖွင့်ထားတဲ့ သီချင်းနဲ့အတူ သူမက ကခဲ့ပြီး အနက်ရောက် ကိုယ်ကျပ်အကျီင်္ိ၊ အနက်ရောင် စကာကွက်တွေပါတဲ့ အသားကပ် ဘောင်းဘီရှည်တွေကို ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။
အဲဒီနောက် မော်ဒယ်က ကားခေါင်မိုးပေါ်တက်သွားပြီး ကားထဲဝင်ရောက်သွားပါတယ်။
သူမက ရုပ်သံကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖြန့်ဝေခဲ့ပြီး “မီးပွိုင့်မှာ အကြာကြီးမိပြီး ထိုင်နေရတာကို ငြီးငွေ့လာတဲ့အခါ ကချင်လာတယ်” လို့ ရုပ်သံမှာ ရေးထားပါတယ်။
ရုပ်သံက သူမကို “နတ်ဘုရားမ” လို့ ခေါ်ကြတဲ့ သူမကိုနှစ်သက်သူတွေအကြား ရေပန်းစားတယ်လို့ သိရပါတယ်။
ဒီလိုကခဲ့တာကို အားလုံးက လက်ခံတာမဟုတ်ပဲ ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။ ဝေဖန်သူတဦးက “မင်းမှာ အရှက်မရှိဘူးလား၊ အဲဒါတွေအတွက် တနေ့ပြန်ပေးဆပ်ရမယ်” လို့ ရေးထားတာလည်း တွေ့ရကြောင်း မေရာရဲ့ ၂၀ ရက်နေ့သတင်းမှာ ရေးထားပါတယ်။
Credit:DVB
comment