ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ လူမည်းအမျိုးသမီးနှစ်ဦး အပြန်အလှန်သတ်ပုတ် ရန်ဖြစ်နေတာကို မိုဘိုင်းဖုန်းမှတစ်ဆင့် ဗီဒီယိုရိုက်ကူးပြီး Facebook Live လွှင့်မိသူ သေနတ်အပစ်ခံခဲ့ရပြီး နောက်ကျောကို သေနတ်ထိမှန်ခဲ့သည်။
အမေရိကန်နိုင်ငံ အာကန်ဆက်စ်ပြည်နယ်ရှိ ဓါတ်ဆီဆိုင်တစ်ဆိုင်တွင် အုပ်စုနှစ်ခု ပဋိပက္ခဖြစ်ကြပြီး ယင်းအုပ်စုတစ်စုဆီမှ အမျိုးသမိးနှစ်ဦး လုံးထွေးသတ်ပုတ်နေသည်ကို အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးက Facebook Live လွှင့်နေစဉ် အုပ်စုတစ်စုထဲမှ သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
သေနတ်နောက်ကျောကို ထိမှန်ခဲ့ပြီးနောက် ဖုန်းလွတ်ကျသွားခဲ့သည်၊ ထိုနောက် ဖုံးကို ပြန်ကောက်ကာ ကားထဲသို့ ဝင်ပြေးခဲ့တာကို ဗီဒီယိုထဲတွင်တွေ့ရသည်။ သူနှင့်အတူ ကားပေါ်တွင်ပါလာသော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်၏ ဦးခေါင်းကိုလည်း သေနတ်နှင့် အရိုက်ခံခဲ့ရသည်။ ထို့နောက် အာကန်ဆက်စ်တက္ကသိုလ် ဆေးရုံသို့ မောင်းသွားခဲ့ကြပြီး ရဲကို တိုင်တန်းခဲ့ကြသည်။
အဆိုပါ အဖြစ်အပျက်က မေလ ၆ ရက်နေ့ ညပိုင်းက ဖြစ်ပျက်ခဲ့တာဖြစ်ပြီး သေနတ်ပစ်ဖောက်မှုများ ရှိခဲ့သော်လည်း အသက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။ အာဏာပိုင်များက အမှုကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။