1. Home
  2. Special or Others

အမျိုးသမီးရင်သားကိုဆုပ်ကိုင်မိသဖြင့် အရိုက်ခံရတဲ့ သတင်းထောက်(ရုပ်/သံ)

Special or Others พ.ค. 22, 2560 view 1,598

အမျိုးသမီးတဦး၏ရင်သားကို မရည်ရွယ်ဘဲ BBC သတင်းထောက် Ben Brown က ကိုင်ခဲ့မိရာ အမျိုးသမီးက အရှက်ရ၍ Ben Brown ရိုက်ပုတ်ခဲ့သည်။ အဆိုပါမြင်ကွင်းသည် လေဘာပါတီခေါင်းဆောင် ဂျယ်ရမီကော်ဘင်း၏ကြေညာစာတမ်းနှင့် ပတ်သတ်၍ သတင်းထောက် ဘန်ဘရောင်းက ၎င်းတို့သတင်းဌာနမှ လက်ထောက်နိုင်ငံရေးအယ်ဒီတာ နော်မန်စမစ်သ်ကို အင်တာဗျုးနေမှုကိုတိုက် ရိုက်ထုတ်လွှင့်နေစဉ် ဖြစ်ပျက်ခဲ့ခြင်းကြောင်းလူမှုကွန်ရက်တွင် လူပြောများနေခြင်းဖြစ်သည်။

ရုပ်သံပြကွက်အရ နော်မန်စမစ်သ်ကို အင်တာဗျုးနေစဉ် အမျိုးသမီးတဦးက ကြားဖြတ်ဝင်ရောက်လာခဲ့ရာအဆိုပါ အမျိုးသမီးဘက်သို့  BBC သတင်းထောက်က လှည့်မကြည့်ဘဲ ၎င်း၏ယာဘက်လက်ဖြင့်ဟန့်တားရာ မထင်မှတ်ဘဲ အမျိုးသမီး၏ရင်သားကို ဆုပ်ကိုင်မိခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးမှာ ရုတ်တရက် အံ့အားသင့်မှင်တက်၍ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သလို ဘန်ဘရောင်း၏ပုခုံးအား ၁ ချက် ရိုက်ပုတ်၍ ထွက်ခွာသွားခဲ့သည်။

 



Follow us on