1. Home
  2. Good Morning Myanmar

စက်မှုဇုန် (၂၉)ခုကိုအဆင်မြှင့်ဖို့ လှိုင်သာယာစက်မှုဇုန် (၁)ကို ရှေ့ပြေးလုပ်ငန်းစဉ် အနေနဲ့ ပထမဆုံးဆောင်ရွက်သွားမယ်

Good Morning Myanmar พ.ค. 22, 2560 view 1,410

စက်မှုဇုန်(၂၉)ခုကိုအဆင်မြှင့်ဖို့အတွက် လှိုင်သာယာစက်မှုဇုန်(၁)ကို ရှေ့ပြေးလုပ်ငန်း စဉ်အနေနဲ့ ပထမဆုံးဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်မှာ မေလ(၂၀)ရက်ကကျင်းပတဲ့ ဒုတိယသမ်္မတ(၁)နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များပုံမှန်တွေ့ဆုံပွဲ(ဆဋ္ဌမအကြိမ်) အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ စက်မှုဇုန်တွေကို အဆင်မြှင့်ဖို့အတွက်ဆောင်ရွက်တဲ့အခါမှာ စက်မှုဇုန်တွေနဲ့ ကျူးကျော် တွေဟာ ဆက်စပ်မှုရှိနေတဲ့အတွက် ကျူးကျော်တွေကို အရင်ဆုံးပြန်လည်နေရာချထားဖို့ ပြင်ဆင်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ဒီလိုနေရာချထားတဲ့ အခါမှာလည်း လှိုင်သာယာဘက်ကိုအရင်ဆုံး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာ ကျူးကျော်ဦးရေ လေးသိန်းခန့်သာရှိမယ်လို့ မျှော်မှန်းထားသော်လည်း ကျူးကျော်ဦးရေလေးသိန်းခွဲနှင့်အထက်ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ကျူးကျော်နေထိုင်သူတွေကို ပြန်လည်နေရာချတဲ့အခါမှာလည်း နိုင်ငံတကာရဲ့ပြောင်းရွှေ့ နေရာချထားရေးအစီအစဉ်ပုံစံတွေအတိုင်းလုပ်ဆောင်မှာဖြစ်ပြီး ပြန်လည်ချထားပေးတဲ့နေရာမှာလည်း ကျန်းမာရေး၊ပညာရေးကဏ္ဍတွေပါ လုပ်ဆောင်ပေးသွားမယ်လို့သိရပါတယ်။

စက်မှုဇုန်တွေကိုအဆင်မြှင့်ဖို့အတွက် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီကိုလည်းဖွဲ့ထားပြီး စက်မှုဇုန်တွေမှာ အခြေခံအဆောက်အအုံတွေ၊ရေဆိုးစွန့်ပစ်တာတွေ၊ရေကောင်းရေသန့်ရရှိမှုကိုလည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။



Follow us on