
ဟင်္သာတမြို့နယ် ၊ပန်းပဲတန်းရပ်ကွက်တွင် ထူးဆန်းစွာမီးခိုးများ ထွက်နေသည့် အိမ်ကို ရေလောင်း၍ စောင့်ကြည့် နေကြကြောင်း၊ အဆိုပါ မီးခိုးများထွက်ပေါ်မှုမှာ ရက်ကာလအတန်ကြာပြီဖြစ်ကြောင်း လူမှုကွန်ရက်မှာ ပျံ့နှံလျှက်ရှိသည်။

“မီးလောင်တာတော့ မဟုတ်ဘူး ၊မီးခိုးတွေ ထွက်နေတာ၊ လေးရက် လောက် တော့ရှိပြီ။ ဟိုနားကထွက်လိုက်၊ ဒီနားက ထွက်လိုက်ဖြစ်နေ တာ၊ မီးလောင်နိုင်တဲ့ ပစ္စည်းတွေကို ရွှေ့ထားပြီးတော့ အိမ်ကို ရေလောင်းပြီး စောင့်ကြည့်နေတယ်၊ အဲ့ဒီအိမ်က အရင်က ဆိုင်ကယ်တွေ ဘာတွေပြင်တဲ့အိမ်” ဟု ဟင်္သာတမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးက ပြောကြားခဲ့သည်။

လက်ရှိကာလတွင် မီးခိုးထွက်နေမှုအပေါ်ထင်မြင်ချက်တစ်စုံတစ်ရာမရရှိသေးသော်လည်း မီးသတ်ကားများနှင့် ရပ်ကွက်ရာအိမ်မှူး၊ ဆယ်အိမ်မှူး များကလည်း စောင့်ကြည့်မှုများပြုလုပ်လျှက်ရှိသလို နီးစပ်ရာအိမ်ခြေများမှ လူအများအပြားလာရောက်ကြည့်ရူ့လျှက်ရှိသည်။
comment