1. Home
  2. Good Morning Myanmar

ရန်ကုန်တိုင်းဒေသကြီးကပြည်သူတွေ အိမ်ခန်းတွေပိုင်ဖို့ နှစ်(၃၀)အထိ အရစ်ကျ ငွေပေးချေစနစ်နဲ့ရရှိအောင် လုပ်ဆောင်နေ

Good Morning Myanmar พ.ค. 22, 2560 view 1,410

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ပြည်သူတွေ အိမ်ခန်းတွေကို နှစ်(၃၀)ထိ ငွေပေးချေစနစ်နဲ့ ၀ယ်ယူပိုင်ဆိုင်နိုင်အောင်လုပ်ဆောင်နေတယ်လို့ တိုင်ဒေသကြီးအစိုးရက ပြောကြားလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ပိုင်မရှိသူတွေအတွက် အိမ်ရာတွေဆောက်လုပ်ပြီး ၂၀၁၄ ခုနှစ်က ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တည်ထောင်ကာ လက်ငင်းငွေချေစနစ်၊ အိမ်ခန်းတန်ဖိုးရဲ့(၃၀)ရာခိုင်နှုန်း ကနဦးလက်ငင်းငွေပေးချေပြီး (၈)နှစ်မှ(၁၀)နှစ်အထိ အရစ်ကျ ငွေပေးချေစနစ်နဲ့ရောင်းချခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကပြောကြားလိုက်ပါတယ်။

ဒါပေမယ့် ပြည်သူတွေအနေနဲ့ အခက်ခဲရှိခဲ့လို့ ၃၀ရာခိုင်နှုန်း ကနဦးလက်ငင်းငွေပေးချေးရတာကို ဖြေလျှော့ပြီး နှစ်(၂၀)မှ(၃၀)အထိ အရစ်ကျငွေပေးချေးစနစ်နဲ့ဝယ်ယူပိုင်ဆိုင်နိုင်အောင် လက်ရှိပြည်ထောင်စု အဆင့်နဲ့ညှိနှိုင်းလုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီးလွှတ်တော်မှာလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဒေါ်နီလာကျော်ကပြောကြားလိုက်တာပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံ့ဝန်ထမ်းတွေ၊အငြိမ်းစားဝန်ထမ်းတွေနဲ့အိမ်းငှား နေထိုင်နေရတဲ့ပြည်သူတွေကို အိမ်ပိုင်ရာပိုင်ဖြစ်အောင် တိုင်းဒေသကြီးအစိုးရအနေနဲ့ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတာကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းရဲ့မေးမြန်းတာကို ပြန်လည်ဖြေကြားလိုက်တာလဲဖြစ်ပါတယ်။

ပြည်သူအိမ်ရာနဲ့ဝန်ထမ်းအိမ်ရာတွေကို မြို့ပြနဲ့အိမ်ရာ ဖွံ့ဖြိုးရေးဦးစီဌာနက ၁၉၅၁ ခုနှစ်ကနေ ၂၀၁၆ အထိ အိမ်ခန်းပေါင်း(၁၁၆၀၀၀)ကျော်ဆောက်လုပ်ထားပြီးဖြစ်သလို မြို့တော်စည်ပင်နဲ့အခြားဌာနတွေကလည်း ကိုယ့်အစီစဉ်နဲ့ကိုယ်ဆောက်လုပ်ပေးတာတွေလဲရှိတယ်လို့ တိုင်းဒေသကြီးလွှတ်တော်မှ လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ကပြောပါတယ်။တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်ထောင်စုစီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး စတင်အကောင်အထည် ဖော်နေပြီလို့လည်းသိရပါ တယ်။



Follow us on