1. Home
  2. Special or Others

မသန်မစွမ်းတဲ့ သားအပေါ် ယုံကြည်ချက်တွေ မယိုင်လဲခဲ့တဲ့ မေမေ

Special or Others พ.ค. 22, 2560 view 1,662

မသန်မစွမ်း ကလေးတစ်ယောက်ကို ဟားဗာဒ့်တက္ကသိုလ်ရဲ့ ဥပဒေကျောင်းသားကြီး ဖြစ်လာအောင် တစ်ယောက်ထဲ ပြုစုပျိုးထောင်နိုင်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ဘဝဟာ အခက်အခဲတွေ ရုန်းကန်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ဒါပေမယ့် သားဖြစ်သူအပေါ်မှာ ယုံကြည်မှုစိတ်အပြည့်ထားခဲ့တဲ့ ဒီအဖြစ်အပျက်လေးကတော့ မိခင်တွေရဲ့ မေတ္တာကို အကောင်းဆုံးထင်ဟပ်ပြသနေတဲ့ ဖြစ်ရပ်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။


Zou Hongyan ဆိုသူ အမျိုးသမီးဟာ သူမရဲ့ တစ်ဦးတည်းသော သားလေး Ding Ding ကို ၁၉၈၈ ခုနှစ်တုန်းက တရုပ်ပြည်မကြီးမှာ မွေးဖွားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကလေးဟာ မီးဖွားစဉ်မှာ အခက်အခဲတွေ့တာကြောင့် ကလေးက မမွေးဖွားနိုင်သေးပဲ အသက်ရှုမွန်းကျပ်တဲ့ ဝေဒနာကို ခံစားနေရပါတယ်။ အဲဒီလို ခံစားရမှုကြောင့် မွေးဖွားလာတဲ့အခါ ကလေးက ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ရှိလိမ့်မယ်လို့ ဆရာဝန်တွေက သုံးသပ်ပြီး မမွေးသင့်ဘူးလို့ အကြံပေးခဲ့ပါတယ်။


သူမရဲ့ ခင်ပွန်းဖြစ်သူကလည်း ဆရာဝန်တွေ ပေးတဲ့အကြံအတိုင်း မမွေးချင်ဘူးလို့ ဆုံးဖြတ်ပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူက ကလေးကို ရအောင် မွေးဖွားခဲ့ပါတယ်။ နောက်ဆုံးမှာ သူတို့လင်မယား ကွာရှင်းပြတ်စဲခဲ့ပြီး သားလေး Ding Ding ကို သူမတစ်ယောက်ထဲ ပြုစုပျိုးထောင်ခဲ့ရပါတယ်။
သူမဟာ ဝူဟန်ကောလိပ်မှာ အချိန်ပြည့်အလုပ် လုပ်နေသလို၊ အာမခံကုမ္ပဏီတစ်ခုမှာလည်း အချိန်ပိုင်းအဖြစ် ရုန်းကန်လှုပ်ရှားခဲ့ပါတယ်။ ဒါမှလည်း သားဖြစ်သူအတွက် ဆေးကုသစရိတ်နှင့် အထွေထွေစရိတ်တွေ ကာမိမှာဖြစ်ပါတယ်။


သားဖြစ်သူအတွက် အချိန်ပေးရင်း သားလေးရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပြန်လည်ထူထောင်ရေး ကုသမှုတွေကိုလည်း မပြတ်သွားပို့ပေးပါတယ်။ အခြေခံနှိပ်နယ်တာတွေကိုလည်း သင်ယူပြီး မိုးတစ်အားသည်းတဲ့နေ့တွေမှာ ထူထောင်ရေးစခန်းကို မပို့နိုင်ရင် ကိုယ်တိုင်ပဲ ပြုစုပေးခဲ့ပါတယ်။ ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးလာစေဖို့အတွက် ဉာဏ်စမ်းပဟေဋိကစားနည်းတွေကို သားဖြစ်သူနဲ့ အတူတူကစားခဲ့ပါတယ်။


Ding Ding ဟာ ထမင်းစားတူကိုတောင် ကိုင်နိုင်ဖို့ အလွန်းခဲယာဉ်သူဖြစ်လို့ အမျိုးတွေက သင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် သူမကတော့ သားကို စိတ်ရှည်ရှည်နဲ့ အချိန်ယူပြီး သင်ပေးခဲ့ပါတယ်။

ခန္ဓာကိုယ် မသန်မစွမ်းဖြစ်နေလို့ သူရှက်နေမှာကို ကျွန်မ မလိုလားဘူး။ ဘာကြောင့်လဲဆိုတော့ နေရာအတော်များများမှာ သူမဏိမ်းဆောင်နိုင်တဲ့အတွက် သူမှာ သိမ်ငယ်စိတ်ရှိနေတယ်။ ဒါကြောင့်မို့ နောက်ပိုင်းမှာ သူ့အတွက် လုပ်နိုင်ဖို့ အရမ်းခက်မယ်လို့ ယူဆတဲ့ကိစ္စတွေကို ကျွန်မအတင်းမလုပ်ခိုင်းတော့ပါဘူး” ဟု Zou Hongyan က ပြောကြားသည်။


သူမရဲ့ သားဖြစ်သူအပေါ်မှာ အရာရာပေးဆပ်ခဲ့မှုက အောင်မြင်တယ်လို့ ဆိုရပါမည်။ Ding Ding ဟာ အထက်တန်းကျောင်း အောင်မြင်ခဲ့ပြီးနောက် သဘာဝပတ်ဝန်းကျင်သိပ္ပံနဲ့ အင်ဂျင်နီယာတက္ကသိုလ်ကနေ ၂၀၁၁ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ဟားဗာဒ်တက္ကသိုလ်ရဲ့ ဥပဒေကျောင်းသားအဖြစ် ပညာသင်ယူနေသူတစ်ဦး ဖြစ်ခဲ့ပါပြီ။

ဒါဟာ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်မှာထားရှိတဲ့ မေတ္တာနဲ့ မျှော်လင့်ချက် စိတ်ဓါတ်ယုံကြည်ချက် ခိုင်မာခဲ့မှုတွေကြောင့် ဆိုတာကိုတော့ ဘယ်လိုမှ ငြင်းချက်ထုတ်လို့ရနိုင်မယ် မဟုတ်ပါဘူး။

 



Follow us on