Hip Hop လောကမှာ မသိသူမရှိတဲ့ အဆိုတော် ရန်ရန်ချန်းက ကိုယ်တွေ့ကြုံခဲ့ရတဲ့ ယာဉ်တိုက်မှုအကြောင်းကို ပြန်လည်ပြောပြပြီး ပရိသတ်တွေကို ထိုင်ခုံခါးပတ်ပတ်ဖို့ နှိုးဆော်လိုက်ပါတယ်။ သီချင်းစာသား ကောင်းကောင်းတွေကို ဖန်တီးတတ်တဲ့ ရန်ရန်ချန်းက သူ့ရဲ့အတွေ့အကြုံကို ပြန်ရေးပြထားတာလဲ အတော်လေး ဖတ်လို့ကောင်းပါတယ်။
“1996 မိုးတွေရွာနေတဲ့ Halloween ညတစ်ညမှာ သူငယ်ချင်းနှစ်ယောက် ကွေ့တစ်ခုမှာကားဘီးချော်ပြီး တစ်ဘက်လမ်းကကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိတယ်. . . တစ်ဖက်ကားက သက်ကြီးရွယ်အိုတွေရော ကလေးလေးတွေရော အားလုံးအရေးပေါ်ရောက်ကုန်ရော ကားမောင်းတဲ့သူငယ်ချင်းက ကားလက်ကိုင်နဲ့စောင့်မိတယ် နဖူးကမှန်နဲ့ဆောင့်လို့ နည်းနည်းကွဲသွားတယ် ...
အဲ့ဒီမှာဘေးကထိုင်လိုက်တဲ့ ကိုယ့်ရဲ့ရှေ့ကမှန်ကြီးကအကွင်းလိုက်ကြီးကျေနေတယ် သိလိုက်ပြီ ဒါငါ့မျက်နှာနဲ့စောင့်မိတာပဲဆိုတာ ဘေးကသူငယ်ချင်းကို လှဲ့ကြည့်တော့သွေးတွေနဲ့ သူကလည်း ကိုယ့်ကြည့်ပြီးကြောင်နေတယ် ကိုယ့်မျက်နှာကသူ့ထက်ဆိုးတယ်။
နှုတ်ခမ်းအပေါ်ကအသားတုံးက လေးထောင့်လေးပဲ့ပြီး ထွက်သွားသလို အမြင်အာရုံက မသဲကွဲတော့ဘူး သိလိုက်ချိန်မှာ ငါမျက်စိတစ်ဘက်ပဲ မြင်ရပါလားပေါ့ တော်တော်လန့်သွားတယ် ကမန်းကတန်း မကွဲသေးတဲ့ကားနောက်ကြည့်မှန်မှာ သွားကြည့်လိုက်မှ မျက်လုံးဘာမှမဖြစ်ပဲ မျက်ခုံးမွေးတွေပါပါတဲ့ မျက်ခုံးအသားဖတ်ကြီး ကွာပြီး မျက်စိတစ်ဖက်ပေါ်မှာ အုပ်နေတာ မျက်လုံး ဘာမှမဖြစ်တော့ဘူးဆိုတဲ့အသိနဲ့ပျော်ပြီး အဲ့မျက်ခုံးဖတ်ကြီးကို ဆွဲခွာပြစ်လိုက်တယ် ဗြိကနဲပဲ နောက်တော့ ဘယ်ကကူညီမှန်းမသိတဲ့ကားနဲ့ အရေးပေါ်ကိုရောက်သွားပါလေရော...
ဆိုလိုချင်တာကတော့ ကားမှာဝယ်ထဲကပါတဲ့ ထိုင်ခုံခါးပတ်က အလကားမဟုတ်ဘူး ကျွန်တော်တို့ အသက်အန္တရာယ်တွေကို ကာကွယ်ပေးတဲ့အရာဆိုတာ ပြောချင်တာပါ ပတ်ကြပါ ကျွန်တော်ဆို ကားတိုက်မှုဖြစ်ပြီးတဲ့ ၁၉၉၆ ခုနှစ်ထဲက ကားမောင်းတိုင်းခါးပတ် ပတ်တာဒီနေ့ထိပါပဲ ...
#တန်ဘိုးရှိတဲ့အသက်တွေမဆုံးရှုံးဖို့ထိုင်ခုံခါးပါတ်ပါတ်ကြစို့
ချစ်ခြင်းများစွာဖြင့်
(ရန်ရန်ချန်း)”
Source and Photo : ရန်ရန်ချန်း ဖေ့စ်ဘွတ်