1. Home
  2. Special or Others

မိဘတွေကို အသက်ဘေးက ကယ်တင်လိုက်နိုင်တဲ့ ငါးနှစ်သားလေး

Special or Others พ.ค. 22, 2560 view 1,392

ငါးနှစ်သားအရွယ် ကလေးတစ်ယောက်ဟာ သူ့မိဘနှစ်ပါး ဆေးလွန်သေဆုံးခါနီးမှာ အသက်ကို ကယ်တင်လိုက်နိုင်တယ်လို့ အိုဟိုင်းအိုး ပြည်နယ်ရဲတွေက ပြောပါတယ်။

အသက် ငါးနှစ်အရွယ် Aidan က ကြာသပတေးနေ့ ၅ နာရီခန့်က မစ်ဒယ်လ်တန်မှာရှိတဲ့ အဘိုးအဘွားတွေနေအိမ်ကို သွားရောက်ပြီး သူ့မိဘတွေ သေပြီလို့ ပြောခဲ့ပါတယ်။

Aidan ဟာ အိမ်ကနေ ငါးဘလောက် အကွာမှာရှိတဲ့ အဘိုးအဘွားတွေဆီကို လမ်းလျှောက်သွားခဲ့ပြီး အိမ်ထဲကိုဝင်ကာ “အဖေနဲ့ အမေ သေပြီ ၊ အဖေနဲ့ အမေသေပြီ” လို့ အဘိုးအဘွားတွေကို ပြောလိုက်ပါတယ်။

Aidan ရဲ့ အဖိုးဖြစ်သူ Kenny Currey ကလည်း ရုတ်တရတ် တစ်ယောက်တည်းရောက်လာတဲ့ Aidan ကို အံ့အားသင့်ခဲ့ရတယ်လို့ ပြောပါတယ်။

ရဲတွေ Aidan တို့အိမ်ကိုရောက်တဲ့အချိန်မှာတော့ သူ့ရဲ့မိဘတွေဟာ ဆေးလွန်နေတဲ့အနေအထားမှာ ရှိခဲ့ပြီး သုံးလသား သူ့ညီလေးဟာလဲ အိမ်ထဲက car seat မှာ ထိုင်လျက်သားလေး ရှိနေပါတယ်။

ရဲတွေက မိဘနှစ်ပါးစလုံးရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပြီး “ဒီ ငါးနှစ်သား ကလေးဟာ သူရဲကောင်းတစ်ယောက်ပါပဲ … အသက်သုံးချောင်းကို သူကယ်တင်ခဲ့နိုင်တယ်” လို့ ရဲဌာနက သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။



Follow us on