1. Home
  2. Special or Others

ရဲတပ်ဖွဲ့ လှည့်ကင်းဆောင်ရွက်နေစဉ် ကားဖြင့်ဝင်တိုက်၊လူသေဆုံးမှုရှိ

Special or Others พ.ค. 24, 2560 view 1,473

မန္တလေးတွင် မြို့နယ်လုံခြုံရေး လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက မသင်္ကာသူများကို ရပ်တန့် စစ်ဆေးနေစဉ် ကားတိုက်ခံရပြီး ၃ ဦးသေဆုံး၍ ၈ ဦးဒဏ်ရာ ရရှိမှု မေ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ မန္တလေး ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်မိတ်ဖက်အဖွဲ့အစည်းမှ ကိုဇော်လင်းအောင်၊ ကိုမင်းခန့်၊ ကိုရဲချစ်ဇော်၊ ကိုအောင်နိုင်သိမ့်၊ ရဲတပ်သားသစ် ဟန်ဝင်းအောင်တို့သည်မေ ၂၃ ရက် ၀၁:၀၀ အချိန်ခန့်တွင် ဆိုင်ကယ် ၅ စီးဖြင့် လှည့်ကင်း ဆောင်ရွက်နေစဉ် ၆၂ လမ်း၊ ဒေလီယာလမ်းနှင့် ဇလပ်ဝါလမ်းကြားတွင် အပေါ်ပိုင်း ကိုယ်ဗလာဖြင့်အမျိုးသား သုံးဦး CZI (နံပါတ်မပါ) ဆိုင်ကယ်စီးနင်း မောင်းနှင်လာသည်ကိုတွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးစဉ် အရှိန်ဖြင့် မောင်းနှင်လာသည့် Honda Fit YGN-9F/8360 အဖြူရောင် ယာဉ်တစင်းက အနောက်မှ ၀င်တိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အတိုက်ခံရသဖြင့် ရဲတပ်သားသစ်ဟန်ဝင်းအောင် (၁၉) နှစ်သည် နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ရဲအုပ် ဇော်မင်းထိုက်၊ ရဲတပ်ကြပ် ကျော်မြင့်ထွန်း၊ ရဲတပ်ကြပ်ရဲလင်းအောင်၊ ကိုဇော်လင်းအောင်၊ ချစ်ရဲဇော်၊ အောင်နိုင်သိမ့်၊ မင်းခန့်၊ ဇင်ကို၊ မောင်မောင်လေး၊ နိုင်ထွန်းတို့ ၁၀ ဦးအား ဒဏ်ရာ အသီးသီးဖြင့် မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ကိုဇော်လင်းအောင် ၃၆ နှစ်၊ နိုင်ထွန်း၂၄ နှစ် (မသင်္ကာ စစ်ဆေးခံရသူ)တို့ (၂) ဦးသည် ဒဏ်ရာများဖြင့် သေဆုံး သွားခဲ့သည်။

Honda Fit ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ချမ်းမြသာစည်မြို့နယ်နေ ဇေယျာထွန်း (၃၈) နှစ်အား နေရာ
တွင်ပင် ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် ယာဉ်(ပ)၁၁/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃/၃၃၈/၃၀၄-က ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။



Follow us on