1. Home
  2. Movie Stars - Celebrity

၁၅၀၀ နဲ့ ပြန်လာဝယ်ပါ့မယ်ဆိုတဲ့ ချမ်းချမ်း

Movie Stars - Celebrity พ.ค. 24, 2560 view 1,399

အဆိုတော် ချမ်းချမ်းက အခုတလော တော်တော်လေးကို ခံစားချက်ပေးနိုင်တဲ့ ကဗျာဆန်ဆန် ထိထိမိမိ စာသားတွေ ရေးသားလာတာ တွေ့ရပါတယ်။

မေလ ၂၃ ရက်နေ့ကလည်း လူမှုကွန်ရက်စာမျက်နှာမှာ ချမ်းချမ်းရေးသားထားတဲ့ စာသားတွေကိုလဲ ပရိသတ်တွေက ကြွေနေကြပါတယ်။

ချမ်းချမ်းက -

“ဓါတ်ပုံဆိုတာ အတိတ်ကိုသိမ်းထားခြင်းပဲ။ အနာဂတ်ကိုရော ကြိုသိပြီးသိမ်းထားလို့မရဘူးလား။တကယ်ဆို ..ချစ်ခြင်းမေတ္တာဆိုတာဟာလဲ ထိုနည်းတူပါပဲ။ ချစ်နေတဲ့သက်တမ်းကြာလာတာနဲ့အမျှ ပထမဆုံး အနမ်းတွေလောက်..ပထမဆုံး ချစ်ခြင်းတွေလောက် စိတ်လှုပ်ရှားစရာကောင်းတာ မရှိဘူး။ အချိန်ကြာလာတာနဲ့အမျှ အကြောင်းအရာ တခုမဟုတ်တခုကြောင့် အေးစက်သွားတတ်တဲ့ အချစ်လို့ မခေါ်ထိုက်တော့တဲ့...ပိုခိုင်မြဲတယ်လို့ထင်ရတဲ့သံယောဇဉ်ဆိုတာက တကယ်တော့ အချစ်ဆိုတဲ့ အရာကို အစားထိုးနှစ်သိမ့်ခြင်းသာ။ မင်းနဲ့ပက်သက်ရင်တော့ ကိုယ်အနာဂတ်ကို ကြိုမမြင်ချင်ပါဘူး။ ဘာကြောင့်ဆို မင်းက စိတ်လှုပ်ရှားလွယ်တဲ့ သစ်ရွက်လေးတွေလို မသိလိုက်ခင်မှာကြွေ..ကြွေသွားလို့ပေါ့...!!

ကိုယ်..မင်းကို ပျံသန်းချင်နေတဲ့ ငှက်ကလေးတကောင်လို လွတ်လပ်ခွင့်ကို တောင်းဆိုနေတယ်လို့ သိထားတယ်။ ကိုယ်ပေးပျံမှာပါ။ ဒါပေမဲ့နောက်ပိုင်ရှင်ဟာလဲ မင်းကိုချစ်လို့လှောင်အိမ်လေးထဲ ထည့်ထားမယ်ဆိုရင်တော့..ကိုယ် ၁၅၀၀နဲ့ပြန်လာဝယ်ပါ့မယ်။
ဘာရယ်မဟုတ်..တွေးမိခြင်းသာ” လို့ ရေးထားတာပါ။

အစစ အရာရာ အဆင်ပြေပါစေ … ချမ်းချမ်းရေ…

Source and Photo : ချမ်းချမ်းဖေ့စ်ဘွတ်
 



Follow us on