1. Home
  2. Movie Stars - Celebrity

ဂျိမ်းစ်ဘွန်း ဇာတ်ဆောင် ရော်ဂျာမိုး ကွယ်လွန်

Movie Stars - Celebrity พ.ค. 24, 2560 view 1,581

အထင်ကရ ဇာတ်ဆောင်လည်းဖြစ် ၊ဆာဘွဲ့လည်းရထားတဲ့ဗြိန်တိန်သရုပ်ဆောင် ရော်ဂျာမိုး (၂၃.၅.၂၀၁၇) နေ့မှာပဲကွယ်လွန်ခဲ့တယ်လို့ CNN သတင်းဌာနမှတစ်ဆင့်သိရှိရပါတယ်။ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး အသက် ၈၉နှစ်အရွယ်ရှိပါပြီ။၁၉၇၃ခုနှစ်ကနေ ၁၉၈၅ခုနှစ်အထိ ဂျိမ်းစ်ဘွန်း (၀၀၇) ဇာတ်ကောင်အဖြစ်ပါဝင်ခဲ့တဲ့ ရော်ဂျာမိုးကအင်္ဂလန်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ဆာဘွဲ့ကိုရရှိထားသူ ဖြစ်သလို ကင်ဆာရောဂါအတွက် ကြံကြံခံ တိုက်ပွဲဝင်ခဲ့တယ်လို့ ရောဂျာမိုးမိသားစုဝင် တွေပြောပြချက်အရ သတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။ရော်ဂျာမိုးက မိန်းမလေးယောက်ယူခဲ့ပြီး ကွယ်လွန်ချိန်မှတော့ ကလေး ၃ယောက်ကျန်ခဲ့ပါတယ်။

ရော်ဂျာမိုးပါဝင်ခဲ့တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားများ

=====================

The Spy Who Loved Me

The Man with the Golden Gun

Live and Let Die

Moonraker

For Your Eyes Only

Octopussy

A View to a Kill



Follow us on