လူမှုကွန်ယက်မှာ အေသင်ချိုဆွေကို ဝေဖန်နေကြတဲ့ အေသင်ဟာ ၀လာလိုက်တာ သို့လောသို့လောပြောနေကြတဲ့ အပေါ် အေသင်ကသူမရဲ့ အကောင့် ကနေ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
“သြော်ငါ့နှယ်နော် သီလရှင်ဝတ် ကတုံးတုံးလိုက်မှတော့ ဒီလောက်တော့ရှိမှာပေါ့ ရုပ်ဆိုးလွန်းလို့ မှန်တောင်ကြည့်တာမဟုတ်ဘူး။ ဒါပေမဲ့ နောင်တမရဘူး သူများမလုပ်နိုင်တာ ကိုယ်လုပ်နိုင်တယ်လေ။ ခုလည်း ခေါင်းထဲမှာ မိသားစုအတွက်ပဲရှိတယ် ကိုယ့်မိသားစုစီးပွါးရေးကို အပင်ပန်းခံစိတ်နှစ်ပြီး ကူညီနေတာပါ။ ပြီးတော့ Chan A ကိုလည်းနောက်တဆိုင်ထပ်ဖွင့်ဦးမှာပါ ကြိုးစားနေပါတယ်။ သူများတွေလိုအပေါ်ယံလုပ်ပြတာမဟုတ်တော့ လှလှပပတော့ဘယ်နေပါ့မလဲ။ ဝတာကတော့ ဝမှာပဲ။ အနုပညာလုပ်နေတဲ့ အချိန်မှမဟုတ်တာ။ တကယ်လို့ သီချင်းပြန်ဆိုဖြစ်ရင်လည်း အစကနေ ပြန်ပြင်ဆင်မှာပါ။ ဒီပုံနဲ့တော့ စင်ပေါ်ပြန်မတတ်ပါဘူး။ ခုလောလောဆယ်တော့ ကိုယ် စိတ်ချမ်းသာသလိုပဲ နေပါရစေ လောကကြီးရယ်......” ဆိုပြီးရေးထားခဲ့ ပါတယ်။
Credit:athen cho swe fb