1. Home
  2. Movie Stars - Celebrity

ကိုယ်အမညီမ ဆိုတဲ့ စိတ်လေးနဲ့ဝေဖန်ကြပါလို့ပြောလိုက်တဲ့ သင်ဇာနွယ်ဝင်း

Movie Stars - Celebrity พ.ค. 24, 2560 view 1,575

ဖေဖော်ဝါရီလက ချစ်သူနဲ့ လက်ထပ်ခဲ့တဲ့ သင်ဇာနွယ်ဝင်းဟာ အခုဆိုရင် အိမ်ထောင်သက် သုံးလကျော်ပဲ ရှိသေးပေမယ့် သားဦးရတနာ လေးကို ရနေပြီလဲ ဖြစ်ပါတယ် ။ သားသားလေးလား မီးမီးလေးလားဆိုတာ မသိပေမယ့် အရမ်းဝမ်းသာနေပါတယ် ။ သင်ဇာရဲ့ ၀မ်းသာစရာကောင်းတဲ့ သတင်းကို ဝေဖန်သူ အများအပြားလဲ ရှိနေခဲ့ ပါတယ် ။ ဝေဖန်မှုတွေက ဆိုးလာတဲ့ အတွက် သင်ဇာက သူမရဲ့ အကောင့်မှာ ဝေဖန်သူတွေကို ကိုယ့်အမ ညီမလေး ဆိုတဲ့ စိတ်ထားပေးပြီး ဝေဖန်ပေးကြပါလို့ သူမရဲ့ အကောင့်မှာ တင်ထားခဲ့ ပါတယ် ။

“ဪလူတွေလူတွေ မိန်းမချင်းလည်း ကိုယ်ချင်းမစာ ယောကျာ်းတွေလည်း နှမချင်းမစာမနာ ကိုယ်သာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်မရှိပဲ တစ်ဘက်သားကို ရိုင်းရိုင်းစိုင်းစိုင်းပြောကြတယ်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ကို ဝေဖန်တာ နားလည်ပေးနိုင်ခဲ့ပေမဲ့ အခုမှသွေးသားပဲရှိသေးတဲ့ လူ့လောကထဲမရောက်သေးတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုစိတ်မျိုးနဲ့များ ပြောရက်ကြတာပါလိမ့်။

တစ်ချို့သောသူတွေဟာ မိဘက လူအဖြစ်မွေးလာကြပေမဲ့ လူစိတ်ပါမလာခဲ့ကြဘူး။ လူသိရှင်ကြား အိမ်ထောင်ပြုခဲ့လို့ ကလေးရတာဟာ ဖုံးကွယ်စရာမဟုတ်ပါဘူး။ သားသမီးဆိုတာ ဘုရားပေးတဲ့ ဆုပါ။ လိုချင်တိုင်းမရသလို ကံပါတဲ့အချိန်မှာလည်း ရောက်လာတက်ပါတယ်။မမျှော်လင့်ပဲ သားသမီးရတဲ့ အိမ်ထောင်သည်တွေ လောကမှာအများကြီးပါ မထူးဆန်းပါဘူး။ ဒါကိုအထူးအဆန်းလုပ်နေတာမှ အံ့သြဖို့ကောင်းတာပါ။

စကားဆိုတာ အကောင်းမပြောနိုင်ရင် မပြောတာကောင်းပါတယ်။နောက်တစ်ခုက မင်းသမီးဆက်လုပ်နေတာမဟုတ်တဲ့လူတစ်ယောက် မိခင်လောင်းတစ်ယောက်ကို သာမန်မိန်းကလေးတစ်ယောက်အနေနဲ့ပဲ မြင်ပြီးကိုယ့်အမ ကိုယ့်ညီမသာဆိုရင်ဆိုတဲ့ စိတ်ကလေးနည်းနည်းတွေးပြီးမှ ဝေဖန်ကြပါ” ဆိုပြီး ရေးထားပါတယ် ။

Credit:Thinzar nawewin



Follow us on