1. Home
  2. Myanmar News

ဖုန်းခေါ်ပြီး နံပါတ်တူဆင်းမ်ကတ်ရောင်းသူတွေကို ဥပဒေအရ တားမြစ်မည်

Myanmar News พ.ค. 24, 2560 view 1,471

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ မိုဘိုင်းဖုန်းနံပါတ်တွေကို ဖုန်းခေါ်ဆိုပြီး နံပါတ်တူ တယ်လီနော ဆင်းမ်ကတ်ရောင်းချနေမှုများကို ဥပဒေအရ တားမြစ်သွားမယ်လို့ တယ်လီနော ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဖုန်းလိုင်း ကိုင်ဆောင်သူများထံ နံပါတ်တူ ဆင်းမ်ကတ်များကို အိမ်အရောက် ကျပ်တစ်သောင်းခွဲဖြင့် ယင်းသို့ဖုန်းဆက်ရောင်းချနေခြင်း ဖြစ်ပြီး တယ်လီနောအော်ပရေတာဘက်က ပြန်ကြားရေးတာဝန်ခံက ဒီလိုရောင်းချနေတာဟာ တယ်လီနော အော်ပရေတာနဲ့ မဆိုင်သလို အော်ပရေတာ ကိုယ်စားလှယ်တွေလဲ လုပ်ကိုင်တာ မဟုတ်ဘဲ လုပ်တဲ့လူတွေကို ဥပဒေအရ တားမြစ်သွားမယ်လို့ ပြောပါတယ်။

တယ်လီနောဆင်းမ်ကတ်များအပြင် အော်ရီဒူးဆင်းမ်ကတ်များကိုလဲ အလားတူ ဖုန်းဆက်ရောင်းချခြင်းများ ရှိနေပြီး အော်ရီဒူးဘက်မှ နံပါတ်တူဆင်းမ်ကတ်များကို အက်ပလီကေးရှင်းမှာ အလွယ်တကူဝယ်ယူနိုင်ပြီး အော်ပရေတာက ယင်းသို့ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ကြေညာထားတယ်လို့ 7Day သတင်းမှာ ဖော်ပြထားပါတယ်။

Source : 7Day Daily



Follow us on