1. Home
  2. Movie Stars - Celebrity

ကင်ဆာရောဂါခံစားနေရတဲ့ တောင်ကိုရီးယားမင်းသား ကင်ဝူဘင်

Movie Stars - Celebrity พ.ค. 24, 2560 view 1,744

တောင်ကိုရီးယားမင်းသားချော ကင်ဝူဘင် (Kim Woo Bin) ဟာ ကင်ဆာရောဂါလက္ခဏာတွေ စတင်ခံစားနေရပြီလို့ သူ့ပရိသတ်တွေကို အသိပေးကြေညာလိုက်ပါတယ်။

ကင်ဝူဘင်ဟာ Nasopharynx Cancer ခံစားရတာဖြစ်ပြီး ဒီကင်ဆာဟာ ဦးခေါင်းနဲ့ လည်ပင်းမှာဖြစ်တဲ့ ကင်ဆာရောဂါ တစ်မျိုးဖြစ်ပြီး နှာခေါင်းနောက်ဘက် ဦးခေါင်းခွံရိုးရဲ့အောက်ခြေမှာရှိတဲ့ Nasopharynx လို့ခေါ်တဲ့နေရာမှာဖြစ်တဲ့ ကင်ဆာရောဂါ ဖြစ်ပါတယ်။

စောစောစီးစီး ရောဂါရှာဖွေ တွေ့ရှိခဲ့တာကြောင့် ကုသမှုကို ချက်ချင်းခံယူမှာဖြစ်ပါတယ်။ မင်းသား Kim Woo Bin မြန်မြန်သက်သာအောင် သူ့ပရိသတ်တွေလဲ ဆုတောင်းပေးကြလိမ့်မယ် ထင်ပါတယ်။ မြန်မြန်သက်သာပါစေ Kim Woo Bin ရေ။

Source : koreaboo



Follow us on