1. Home
  2. Woman To Woman

ဆရာလှိုင်ဘွားဦးရဲ့ တစ်ပတ်စာ ဗေဒင်ဟာစာတမ်း

Woman To Woman พ.ค. 24, 2560 view 1,602

ဒီတစ်ပတ်အတွင်းမှာ ဘယ်နေ့နံသားသမီးတွေက ဘယ်လိုကံကြမ္မာတွေနဲ့ ကြုံရမလဲ? ကံကြမ္မာအနိမ့်အမြင့် အတက်အကျတွေအကြောင်းကို ဆရာလှိုင်ဘွားဦးက ဟောကြားပေးထားတာပဲဖြစ်ပါတယ်။

စနေနဲ့ ကြာသပတေး သားသမီးတွေက အကောင်းဘက်ကို ရောက်နေပါတယ်။ ကံဇာတာ အမြင့်ဘက်အပိုင်းကို ရောက်နေပါတယ်။ ကျန်တဲ့နေ့သားသမီးတွေကတော့ နည်းနည်းအညံ့ဘက်လေးကို ရောက်နေပါတယ်။ အထူးသဖြင့် တနင်္ဂနွေ နဲ့ တနင်္လာ သားသမီးတွေဟာ နည်းနည်းညံ့နေပါတယ်။ ဒါပေမယ့် မပူပါနဲ့ အညံ့တွေအားလုံး ပျောက်သွားမယ့် ယတြာလေးတွေ ပေးပါမယ်။

တနင်္ဂနွေ

တနင်္ဂနွေသားသမီးတွေဟာ ဒီအပတ်ထဲမှာ အလုပ်မှာ စိတ်ညစ်စရာတွေ ကြုံရလိမ့်မယ်။ အကြီးအကဲတွေနဲ့ စိတ်သဘောထားကွဲလွဲတာတွေ ကြုံရလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေကလဲ ကိုယ့်ကို သွားပုပ်လေလွင့်ပြောတာတွေ ၊ ညှိနှိုင်းရတာ အခက်အခဲတွေ ကြုံတွေရပြီး အလုပ်ပြောင်းရွှေ့ချင်စိတ်တွေ ပေါ်နေပါလိမ့်မယ်။ ဒါပေမယ့် မပြောင်းပါနဲ့ဦး။ အခိုက်အတံ့သာကြုံရတာ ဖြစ်ပြီး ပြန်လည်နားလည်မှုရပြီး အဆင်ပြေသွားမှာပါ။ အလုပ်သစ်ပြောင်းမယ်ဆိုရင်တော့ ပိုပြီးတော့ အဆိုးတွေ ကြုံရပါလိမ့်မယ်။

ယတြာ - မွေးနံထောင့်ကိုသွား ၊ စကောတစ်ချက်ထဲ ဖက်ခင်းပြီး အုန်းသီးခြောက်စိတ် သောက်တော်ရေ ခြောက်ခွက်ထည့်ပြီး လှူဒါန်းပါ။

(ယတြာအဆောင်တွေကတော့ ဒီတစ်ပတ်တည်းအတွက်သာမကဘဲ နောက်လည်း အလျဉ်းသင့်သလို အညံ့ကြုံတိုင်း အမြဲလုပ်ဆောင်နိုင်တဲ့ ယတြာတွေလည်း ဖြစ်ပါတယ်။)

ခေတ်သစ်ပျိုမေ အစီအစဉ်မှာ ၇ ရက်သားသမီးအားလုံးအတွက် ဆရာလှိုင်ဘွားဦးကိုယ်တိုင် ဟောကြားပေးထားတဲ့ တစ်ပတ်စာဟောစာတမ်း ရုပ်သံဖိုင်ကို အောက်ပါလင့်တွေကနေတဆင့် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.youtube.com/watch?v=5ct5nhwhurc&t=10s

https://www.youtube.com/watch?v=y-8OmYfjYhs&t=5s



Follow us on