1. Home
  2. Special or Others

ပြည်ပကုမ္ပဏီကို ပြည်တွင်းစက်သုံးဆီ လက်လီရောင်းချခွင့်ပြု

Special or Others พ.ค. 24, 2560 view 1,441

နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီတွေထဲက PUMA Energy ကုမ္ပဏီကို ပြည်တွင်းမှာ ပထမဆုံးအကြိမ် စက်သုံးဆီ လက်လီရောင်းချခွင့် ပြုခဲ့တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဆန်းမြင့်ရဲ့ ပြောအဲဒီကုမ္ပဏီကို အရင်က နိုင်ငံခြားကုမ္ပဏီ ဖြစ်တာကြောင့် သိုလှောင်ရုံအဖြစ်သာခွင့်ပြု တာဖြစ်ပြီး လက်ရှိမှာရင်းနှီးမြှုပ်နှံမှု ဥပဒေ အမိန့်ကြော်ငြာ စာအမှတ် (၁၅/၂၀၁၇)အရ အတည်ပြုပြီးဖြစ်တယ်လို့ သိရပါတယ်။

Puma Energy Internationalဆိုတာက နိုင်ငံပေါင်း ၄၅ နိုင်ငံမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ သိုလှောင်ပို့ဆောင်ရေးနဲ့ ဖြန့်ဖြူးရေးရောင်းချရေး ကဏ္ဍတွေ ပေါင်းစပ်ထားသော ရေနံကုမ္ပဏီကြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ စွမ်းအင်ဝန်ကြီးဌာနကလည်း  ပြည်တွင်းစက်သုံးဆီဖြန့်ဖြူးခွင့်ပေးလိုက်ပြီဆိုတာကို အတည်ပြုချက်ရယူဆောင်ရွက်ရမှာဖြစ်ပြီး တင်သွင်းရောင်းချခွင့်ပြုမယ့် ဆီအမျိုးအစားကိုလည်း စွမ်းအင်ဝန်ကြီးဌာနက ချမှတ်ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောပါတယ်။PUMA Energy ကုမ္ပဏီက ပြည်တွင်းစက်သုံးဆီ လက်လီရောင်းချခွင့်အတွက် MIC မှာ အဆိုပြုခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာနကို တင်ပြလို့ ပြီးခဲ့တဲ့ မေ(၁၉)ရက်က(MIC) အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မေလဆန်းပိုင်းက (PUMA Energy) ကုမ္ပဏီအနေနဲ့ သီလ၀ါအထူးစီးပွားရေးဇုန်မှာ ဆီသိုလှောင်ကန် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ (၂၀၁၀)ခုနှစ်ကတည်းက ပြည်တွင်းလုပ်ငန်းရှင်တွေသာလုပ်ပိုင်ခွင့်ရှိခဲ့ပြီးမှယခုအခါတွင် နိုင်ငံခြားသား လုပ်ပိုင်ခွင့်ပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဲဒီကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ(၉၂)သန်းမှာ မြန်မာနိုင်ငံဘက်က ကုမ္ပဏီက(၂၀)ရာခိုင်နှုန်းနဲ့ စင်ကာပူကုမ္ပဏီက (၈၀)ရာခိုင်နှုန်းပါဝင်တယ်လို့ သိရပါတယ်။



Follow us on