1. Home
  2. International News

ကမ္ဘာ့အကြီးဆုံး ရေပေါ် နေရာင်ခြည်စွမ်းအင်ထုတ်လုပ်မှု တရုပ်တွင် စတင်လည်ပတ်

International News มิ.ย. 04, 2560 view 1,678
တရုပ်နိုင်သည် ကမ္ဘာပေါ်တွင် ကုန်ထုတ်လုပ်မှုအများဆုံးဖြစ်ပြီး စက်ရုံများနှင့် ပြည့်နှက်နေခဲ့သည့်အတွက် လောင်စာစွမ်းအင်ကို အကြီးအကျယ် အသုံးပြုနေရသော နိုင်ငံဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်မှုများကို အလေးထားဆောင်ရါက်လာသော နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။
 
 
လေထုညစ်ညမ်းမှု နည်းနိုင်သမျှ နည်းစေပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောက်ရှောက်မှုများကိုလည်း အထောက်အကူဖြစ်စေရန် အသန့်ရှင်းဆုံးနည်းဖြင့် စွမ်းအင်ရရှိရန် ကြိုးစားဆောင်ရွက်လာခဲ့သည်။ ယခင်က ကျောက်မီးသွေးတူးဖော်ရာ မိုင်းတွင်းများရှိရာ ဟွေနန်ဒေသ၏ ကမ်းလွန်ပင်လယ်ထဲတွင် ၄၀ မီဂါဝမ် ထုတ်လုပ်နိုင်သော ရေပေါ် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှု စက်ရုံကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။
 
 
နေရာင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်ပြီး လူနေအိမ်ပေါင်း ၁၅,၀၀၀ ကျော်ကို လျှပ်စစ်မီး အပြည့်အဝ ပေးနိုင်တော့မှာဖြစ်ပါတယ်။ အဆိုပါ ရေပေါ် စက်ရုံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး နေရာင်ခြည်စွမ်းအင်သုံး စက်ရုံတစ်ရုံဖြစ်သည်။
 
ဆိုလာပြားများကို ရေပေါ်တွင် တပ်ဆင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ မြေဧရိယာချွေတာခြင်းဖြစ်သကဲ့သို့ ဆိုလာပြားများ၏ အပူချိန်ကို ပင်လယ်ရေဖြင့် သဘာဝအတိုင်း လျော့ကျစေနိုင်ခြင်းကြောင့် ဖြစ်သည်။
 
 
လတ်တလောတွင် ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှု၏ ၀.၄% ကိုသာ ဆိုလာပြားများမှ တာဝန်ယူနိုင်ပြီး နောက်ပိုင်းတွင် တစ်ဖြည်းဖြည်း ပိုမိုမြင့်မားလာမည်ဟု မျှော်မှန်းထားသည်။ ၂၀၅၀ ခုနှစ်တွင် ဆိုလာပြားမှ လျှပ်စစ်ထုတ်ယူမှု ၁၀% ထိ တိုးတက်လာနိုင်ပြီး လေထုညစ်ညမ်းစေသော ကာဗွန်ဒိုင်အောက်ဆိုက် တန်ပေါင်း ၄၃.၇ ဘီလီယံမျှ လေထုထဲမှ ဖယ်ရှားသန့်စင်သွားမည်ဟု မျှော်လင့်ထားသည်။
 


Follow us on